ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ရွှေပုသိမ် ဧည့်ရိပ်သာ၌ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာ၌ မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပုသိမ်မြို့ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်အဆင့်မြင့်ရေကူးကန်ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် မျိုးဆက်သစ် အားကစားသမားမွေးထုတ် သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အားကစားသိပ္ပံဆောက်လုပ်နေပြီဖြစ်၍ မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးတည်ငြိမ်အေးချမ်း သာယာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များအား ပြောကြားဆွေးနွေးခဲ့သည်။
Read More...
16-Oct-2024