တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ် ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား ၂၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် အမျိုးသားသာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံအလျား ၈၅၀ ပေ ဆောင်ရွက်မည့်အခြေအနေများအာရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်တို့်ကိုမှာကြားခဲ့ပါသည်။
Read More...
12-Oct-2024