တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်နည်းပညာနှီးနှောဖလှယ်ပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်နည်းပညာနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ နည်းပညာနှီးနှောဖလှယ်ပွဲသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သုတေသီများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့မှ တောင်သူများ တက်ရောက်ခဲ့သည်။
Read More...
14-Oct-2024