တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲ တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လူရွေးချယ်မှုများ၊ ဖွဲ့စည်းမှုများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား ကြိုတင်ပြင်ဆင် ခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်သည့်နည်းပြများ၊ နည်းစနစ်မှူးများက စနစ်တကျ လေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်း များ ထွက်ပေါ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များကို ပြင်ဆင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ ကိုယ်ကာယ ကြံခိုင်ရေး အစားအသောက်မှစ၍ ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
Read More...
24-Oct-2024