ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်အတွင်းရှိ တာတမံများနှင့် မြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်အတွင်းရှိ တာတမံများနှင့် ရေမြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရန်ကုန်ကားလမ်းဘေး ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်ရှိ မြဘုံသာကျောင်းတိုက်၊ ဓမ္မလင်္ကာရကျောင်းဆောင်သို့ ရေဘေးကြောင့်ယခုလ(၂၀)ရက်နေ့မှ စတင်ကာပြောင်းရွှေ့နေထိုင်သည့် ယာယီရေဘေးရှောင် ပြည်သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
Read More...
28-Jul-2024