ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါတွင်း(၃)လအသံမစဲအဘိဓမ္မာ(၇)ကျမ်း မဟာပဋ္ဌာန်းဒေသနာကျမ်းရွှေစာရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲတက်ရောက်
နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇအမှူးပြု၍ အလှူရှင်များ စုပေါင်းကျင်းပသည့် (၂၁) ကြိမ်မြောက် ဝါတွင်း (၃)လ ရက်ပေါင်း ( ၉ဝ )၊ နေ့/ည အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော် ပရဝဏ်အတွင်း၌ပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Read More...
24-Jul-2024