ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာသို့သွားရောက်၍ ရတနာသိပ္ပံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကာ စံကင်းကျွန်းအတွင်း ကွင်းရေမြင့်တတ်မှုကြောင့် ရေနစ်မြုပ်မှုအခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေးမှုအခြေအနေများတင်ပြလျှောက်ထားခဲ့သည်။
Read More...
01-Aug-2024