တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် ဂျူဒို၊ မြန်မာ့သိုင်းနှင့် ဗိုဗီနမ် လက်ရည်စစ် ပြိုင်ပွဲများအား ကြည့်ရှုအားပေး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးဝန်ကြီး ဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမသို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့ အားကစားများမှ အားကစားနည်းတစ်ခုချင်းစီအလိုက် လက်ရည်စစ်ယှဉ်ပြိုင် နေမှုများနှင့် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
22-Nov-2024