ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်အတွင်းဖွင့်လှစ်သည့် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲ နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ဆင်ဂေါင်း ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ် ဘီးလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ကွန်ကရစ်ဘီးလမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး အကဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည် ၁၀၅၀ ပေ၊ ဘီးလမ်းအကျယ်တစ်ဖက် ၃ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။


Read More...
26-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (အ.ထ.က) ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ပြုလုပ်သည့် (အ.ထ.က)ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားတက်ရောက်ခဲ့ရာ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ကျောင်းသား၊ကျောင်းသူဟောင်းနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့်ပူဇော်သီဆို ဖွင့်လှစ်ခဲ့သည်။


Read More...
25-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်
၂၀၂၄ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။


Read More...
25-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး၊ ပုသိမ်တက္ကသိုလ် ဓမ္မာရုံစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင့်လေ့ကျင့်နေမှုကြည့်ရှုစစ်ဆေး
၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမနှင့် ယင်းမာဆောင်၊ သဇင်ဆောင်များ၌ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
23-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများမှ မိတ်ဆက်တင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့ ခေါင်းဆောင် လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။


Read More...
22-Nov-2024
2025 Ayeyarwady Division