ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့သည်။


Read More...
29-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့သည် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်းတို့မှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဆက်လက်တက်ရောက်ခဲ့ကြသည်။


Read More...
28-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ပို့ဆောင်နှုတ်ဆက်
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့မှ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ထွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ပုသိမ်မြို့၊ ရွှေရုပ်တုအဝိုင်းရှေ့တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


Read More...
28-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


Read More...
27-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားများသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်တိုး​စေ​ရေးနှင့် ဝတ်မှုံကူးခြင်းလုပ်ငန်းတွင် များစွာအ​ထောက်အကူပြုသည့် ပျားမွေး‌မြူရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ပျားမွေးမြူရေးသည် နေကြာသီးနှံအတွက် အဓိကလိုအပ်ပြီး သဘာဝပျားများမရှိပါက မွေးမြူရေးပျားများဖြင့် ဝတ်မှုန်ကူးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း


Read More...
26-Nov-2024
2025 Ayeyarwady Division