ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာတွင် နွေစပါးစံပြကွက် ရိတ်သိမ်းမှု ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြ မြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ နွေစပါး (GW-11) စိုက်ဧက(၁၅)ဧကနှင့် နွေစပါး (ဆာဖိုးသာ-၁) စိုက်ဧက (၁၅)ဧက စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး၊ သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးပညာရှင်များကလည်း တောင်သူများထံအရောက်ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများ အား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ေကြာင်း၊ တောင်သူများအနေဖြင့် ဝင်ငွေတိုးပွားအောင် စိုက်ပျိုးရေးအပြင် မွေးမြူရေးကိုလည်း တွဲဖက်လုပ်ကိုင်ကြရန်”ပြောကြားခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါနွေစပါးစံကွက်ရိတ်သိမ်းရာတွင် နွေစပါး (ဆာဖိုးသာ-၁)မျိုးစံပြကွက်တွင် အထွက်နှုန်း တစ်ဧကလျှင် အခြောက် (၂၀၁.၈၁)တင်းနှုန်းနှင့် နွေစပါး (GW-11) မျိုးစံကွက်တွင် တစ်ဧကလျှင် အခြောက်(၂၀၅)တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။
Read More...
03-Apr-2025