ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲအခမ်းအနားများတက်ရောက်၊ ပုသိမ်မြို့၊ စက်မှုစီမံကိန်းအတွင်း အဆောက်အဦလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။


Read More...
11-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင် ရွေးမြစ်နှင့်ပြာမလော့မြစ်အကြား ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ် အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
10-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။


Read More...
10-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။


Read More...
09-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်အား စက်ဖြင့်တူးဖော်၍ ကန်တာဘောင် တိုးချဲ့လုပ်ငန်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်အား စက်ဖြင့်တူးဖော်၍ ကန်တာဘောင်တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်အပန်းဖြေဥယျာဉ် ကန်ပတ်လမ်းတစ်လျောက် သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်နှင့်မြက်ပင်များ စိမ်းလန်း စိုပြေရေးဆောင်ရွက်နေမှု၊ ကန်သုံးရေကန် (၁၃၀၀ပေ× ၃၀၀ပေ× ၃ပေ) ဧရိယာတူးဖော်နေမှုနှင့် (၁၄၀၀ပေ× ၄၀ပေ× ၆ပေ) တာဘောင်တိုးချဲ့ဧရိယာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကန်ပတ်လမ်းတစ်လျောက်အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများ ထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ မြတ်ခင်းများစိမ်းလန်းစိုပြေစေရေး၊ တိုးချဲ့တာဘောင် အား ပုံစံတကျဆောင်ရွက်၍ မြက်စိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက် ရာတွင် သတ်မှတ်ကာလအတွင်းနှင့် မိုးကာလမရောက်မီ လုပ်ငန်းများပြီးပြတ်စေရေးတိုကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


Read More...
09-Apr-2025
2025 Ayeyarwady Division