ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်
သတ္တဝါများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီးနှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ “သဒိတံ ပါကံ ဇနေတိ ” မိမိပြုလုပ်သောကံ၏ တူညီသော အကျိုးကို ပေးနိုင်၏ဟူသောဗုဒ္ဓ၏ ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှ ချမ်းသာရာရပြီး အသက်ရှည်စွာ နေနိုင်သလို ယနေ့လူသားများကလည်း အသက်ရှည်အနာကင်းပြီး ကျန်းမာချမ်းသာ နေနိုင်ကြစေရန်နှင့် ရှေးဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ငဝန်မြစ်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတက်ရောက်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြသည်။


Read More...
08-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
06-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP (၁/၂၀၂၅) နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲသို့တက်ရောက်
ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။


Read More...
05-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအခြေစိုက် ကျန်းမာရေးမှူး-၄ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် ကျန်းမာရေးမှူး-၄ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက "ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် ကျန်းမာရေးမှူး(၄) သင်တန်းဆင်းပွဲ အခမ်းအနားသည် လူဦးရေ(၅.၅)သန်းကျော်ရှိသော ဧရာဝတီတိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် အားတက်စရာ နေ့တစ်နေ့ဖြစ်ပါကြောင်း၊


Read More...
04-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲသို့တက်ရောက်
ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅)သင်တန်းသား သသင်တန်းသူများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။


Read More...
04-Apr-2025
2025 Ayeyarwady Division