ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့်တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေးအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေး နှင့်အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးပါသည်။ ထို့နောက် စက်တော်ရာဘိုးဘွားရိပ်သာဝင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့်  ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ‌တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလေလုံ အားကစားခန်းမတွင် တိုက်ကွမ်ဒိုနှင့် ဘတ်စကက်ဘောအားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နည်းစနစ်မှန်မှန်လေ့ကျင့်စေရေးပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၂)ပုသိမ်တံတားအဆင်း ပုသိမ်မြို့တွင်းလမ်း (၁၁၃/၀မှ၁၁၃/၁)မိုင်အတွင်း လမ်းချဲ့၍ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အမှတ်(၇)၊ရာမညရပ်ကွက်၌ ရေစီးရေလာကောင်းမွန်စေရေးတွက် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်‌ ငွေလုံးငွေရင်းဖြင့် Box Culvert  (၁၂)ခုတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံ  အား လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များသာမက ရပ်ကွက်နေပြည်သူများကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ်  သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
20-Aug-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးကိုယ်စားပြု ဘက်စကက်ဘောအသင်းအားအောင်နိုင်ရေးအလံပေးအပ်
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘတ်စကက်ဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး  ဘတ်စကက်ဘော အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အားကစား အောင်နိုင်ရေးအတွက် တစ်ဦးချင်းကျွမ်းကျင်မှု၊ အဖွဲ့အလိုက် အပေးအယူအချိတ်အဆက်မိစေရန် နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ကြပါကြောင်း၊  အသင်းလိုက်ယှဉ်ပြိုင်ကစားရသော ပြိုင်ပွဲဖြစ်၍ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့်အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်းနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ပေးကြ‌စေလိုကြောင်း”‌ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘတ်စကက်ဘောအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
19-Aug-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နိုင်ရေးကြည့်ရှုစစ်ဆေး၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်း၌ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်၊ အကွက်အမှတ် (၁) ရန်ကုန်-ပုသိမ် ကားလမ်းဘေး၊ အလျား (၁၅၀)ပေအနံ (၁၂၀)ပေ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဆောက်လုပ်နိုင်ရေး သဲဖြည့်ခြင်းလုပ်ငန်းဆောက်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအခိုင်အမာရရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီဆောက်ရွက်စေရေးမှာကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၊ထရော်ရွာသစ်ကျေးရွာအုပ်စုနှင့် ကျုံမငဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ယခု ၁၆ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များနှင့်စာသင်ကျောင်းအမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့သည့်လေဘေးသင့်ပြည်သူများထံသွားရောက်၍ အားပေးထောက်ပံ့ခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဖျားကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် အခြေခံပညာမူလတန်းကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအမိုးလန် ပျက်စီးမှုများအတွက်  ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ရတနာစလင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားအား တက်ရောက်၍ အားပေးစကားပြောကြားရာတွင် လေပြင်းတိုက်ခတ်ခြင်း၊မိုးအဆက်မပြက်ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ သတင်းများကိုလည်းဂရုတစိုက် နားထောင်မှတ်သားပြီးကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း မိုးလေဝသသတိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အများပြည်သူများသိရှိစေရေး၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် လိုက်လံနှိုးဆော်ကြေညာပေးရန်လိုပါကြောင်းနှင့် လေပြင်းတိုက်ခတ်ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများက အ မြန်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး ဘေးသင့် အိမ်ထောင်စု (၅၀)နှင့်စာသင်ကျောင်းအတွက် ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး (၃၁)ပုံး တို့ကို ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရတနာစလင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး လေဘေးကယ်ဆယ်ရေးဆောင်ရွက်မှုများကိုလျှောက်ထားတင်ပြခဲ့ကြောင်းသိရှိရပါသည်။


Read More...
18-Aug-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၌ ၂၀၂၂ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ ၂၀၂၂ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအား သြဂုတ်လ် ၁၈ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကမ္ဘာပါ်တွင်ရှိသောလူသားအားလုံးသည် မွေးဖွားလာစဉ်ကပင် အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုများအတွက် အစာအဟာရ မှီဝဲစားသုံးကြပါကြောင်း၊ နေ့စဉ်စားသုံးသော အစားအစာများသည် သန့်ရှင်းပြီး လိုအပ်သော  အဟာရဓာတ်များပြည့်ဝရန်လိုအပ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရလွန်ကဲမှုပြဿနာများ ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်သောဓလေ့ ပိုမိုထွန်းကားလာရေးစတဲ့ ရည်မှန်းချက်များချမှတ်ပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း၊ မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်း (၂၀၁၇-၂၀၁၈)အရ ပုညှက်ခြင်း (၂၆.၇) ရာခိုင်နှုန်းနှင့် ပိန်လှီခြင်း(၆.၇)ရာခိုင်နှုန်း အသီးသီးရှိသောကြောင့် တဖြည်းဖြည်းလျော့နည်း ကျဆင်းလာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊  အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုအနေနဲ့ပိုမို စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေဖို့ ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို နှစ်စဉ် ဩဂုတ်လ တစ်လလုံးဆောင်ရွက်ခဲ့ပါကြောင်း၊ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီးဆောင်ရွက်ခြင်းဟာ ပြည်သူလူထုကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာပြီး ၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများလည်း ပိုမို ရရှိလာကာ ကလေးငယ်များနဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ အာဟာရအခြေအနေလည်း ပိုမို ကောင်းမွန်မြင့်မားလာစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊မိခင်နို့ရည်ဟာ ကလေးအတွက် ပထမဆုံးရရှိတဲ့ ရောဂါကာကွယ်ဆေးဖြစ်ပြီး  စနစ်တကျ တိုက်ကျွေးနိုင်ရေး၊ မွေးစမှ အသက်(၆)လအထိမိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးနိုင်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေဆေးဝါးများအား တိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် အဏုဇီဝအာဟာရဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၂၂ခုနှစ်၊အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းများအဖြစ် ပြသထားသော ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအဖြစ် ဩဂုတ်လ (ပထမ) ရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ (ဒုတိယ)ရက် သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့်ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိယ) ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (စတုတ္ထ) ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေးရက်သတ္တပတ်များအနေဖြင့်သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-IDစနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးအချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။  ထို့နောက် ယခုလ ၁၅၊၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေတိုက်စားခြင်းတို့ကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့်ကျေးရွာအချို့တွင် နေအိမ်များပြိုလဲခြင်း၊ ကြိုတင်ပြောင်းရွှေ့ခြင်းများစသည့် သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊တောကျောင်းအုပ်စု၊နံဂတ်ကျေးရွာ သို့သွားရောက်ခဲ့ပြီး အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုငွေများဆက်ကပ်ပူဇော်ခဲ့ကာ  ဧရာဝတီ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၅)လုံးကြိုတင်‌ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးဒေသခံပြည်သူများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြစ်ရေကြီးချိန်ကမ်းပြိုကမ်းစားခြင်းလုပ်ငန်းများကာကွယ်နိုင်ရေးအတွက် အရေးပေါ် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ပေးသွာဖြစ်ကြောင်း၊ ကမ်းပြိုကမ်းစားခြင်းကိုရေရှည်ကာကွယ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။  ထို့အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊   မဏ္ဍပ်ကျေးရွာ ၊ အမှတ်(၂၄၉)မူလွန်ကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ခရိုင်ဘေးစီဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် လမ်းဦးစီးဌာနတို့နှင့်အတူ သဘာ၀ဘေးကြောင့်ပျက်စီးသွားသော ကျေးရွာနေပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ၊ ခရိုင်မီးသတ်တပ်ဖွဲ့၀င်များက ပျက်စီးသွားသောနေအိမ်များအား ရှင်းလင်းပေးခြင်း၊ပြုပြင်ပေးခြင်းလုပ်ငန်းများကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။


Read More...
18-Aug-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဘဏ္ဍာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလင့်နှစ်စဉ်ချထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလာကောင်းများရှိနေပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍  လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ရေပေးဝေရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်သွားလာအသုံးပြုနိုင်စေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်ကော်မတီများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေးစိတ်ရင်းစေတနာကောင်းများဖြင့်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် စာရင်းဇယားများစနစ်တကျထားရှိဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများမှ  စီမံကိန်းများအောင်မြင်စေရေး စစ်ဆေးကြပ်မက်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပုသိမ်ခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၉၀ အတွက် ကျပ်သန်း ၉၂၀၊ ကျုံပျော်ခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၅၃ ရွာအတွက် ကျပ်သန်း ၅၆၀၊ ဟင်္သာတခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၆၀ အတွက် ကျပ်သန်း ၆၄၀၊ မြန်အောင်ခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၇၃ ရွာ အတွက် ကျပ်သန်း ၇၅၀ တို့ကိုသက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ မြောင်းမြခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၅၁ ရွာအတွက် ကျပ်သန်း ၅၁၀၊ မအူပင်ခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၇၄ ရွာ အတွက် ကျပ်သန်း ၇၄၀ကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဖျာပုံခရိုင်မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၆၉ ရွာအတွက် ကျပ်သန်း ၇၅၀နှင့် လပွတ္တာခရိုင် မြစိမ်းရောင်၊ VDP၊  Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၃၅ရွာ အတွက် ကျပ်သန်း ၃၅၀ ကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work စီမံကိန်းကျေးရွာများအတွက် ကျေးရွာစုစုပေါင်း ၅၀၅ရွာကို စီမံကိန်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၅၂၂၀ အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။


Read More...
16-Aug-2022
2025 Ayeyarwady Division