ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနံနက်ပိုင်းက ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာသို့ သွားရောက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် Box Culvert (၂)စင်းတည်ဆောက်ခြင်းနှင့် လမ်းဘေးရေမြောင်းတူးဖော်ခြင်း၊ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် ကြိုတင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ထားသောကာလအတွင်း အချိန်မီပြီးစီးစေရေးမှာကြားသည်။ ယင်းနောက် အနောက်စုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ရေသန့်စက်တပ်ဆင်ထားရှိမှုနှင့်‌ကျောင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့အားမှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သမဝါယမချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည့်စုံသုခသမဝါယမအသင်းဝင်တစ်ဦး၏ ဝက်မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အတွင်းရောင်းချနိုင်မှုအခြေအနေများအား မေးမြန်းခဲ့သည်။ထို့နောက် တောင်သူ ဦးနေစိုး၏ (၁၀)ဧကရှိ  ပေါ်ဆန်းရင်မျိုးသန့်စပါး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပိုးမွှားများမကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး၊မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန်မှာကြားသည်။ယင်းနောက် ကျုံကြီးအုပ်စု၊ ညောင်ချောင်းကျေးရွာရှိ ဦးခင်အောင်၏ ဘဲမွေးမြူရေးခြံသို့ သွာရောက်၍ ဘဲမွေးမြူနေမှုအခြေအနေများ၊ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများအားကြည့်ရှု့စစ်ဆေးပြီး ဘဲဥများဈေးကွက် ပိုမိုတင်ပို့ ရောင်းချနိုင်ရေးနှင့် အကောင်ရေးတိုးချဲ့မွေးမြူနိုင်ရေးတို့အားမှာကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အားတာဝန်ရှိသူများက  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးနှင့်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။


Read More...
25-Aug-2022
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်“တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ သီဆိုမှုနှင့် အားပေးဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ
၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်“တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ သီဆိုမှုနှင့် အားပေးဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အဆိုပညာရှင်၊ ဂီတပညာရှင်များနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  “(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သော “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 1”တွင် မိမိတို့တိုင်းဒေသကြီးမှ ပထမနှင့်ဒုတိယဆုများရရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှု၊ အရည်ချင်းရှိရှိယှဉ်ပြိုင်မှုအပြင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ အားပေးမှုများကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ကြိုတင်ပြင်ဆင်၍ ပြိုင်ပွဲပြုလုပ်၍ တိုင်ဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များကိုလည်း ပြိုင်ပွဲတွင် ဆုများရရှိ၍ တိုင်းဒေသကြီးဂုဏ်ဆောင် အဆိုပညာရှင်များ ဖြစ်ပေါ်လာစေရန် မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ခံစားမှုများ ကိုဟန်အနေအထားများဖြင့် သီချင်းအပေါ်ခံစားသက်ဝင်၍ သီဆိုမှုများဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် ဆုများရရှိပါစေကြောင်းပြောကြားသည်။ ဆက်လက်၍ “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” Level (1 )Group A ၊ Group C နှင့် Group D တို့မှ ပြိုင်ပွဲဝင် မလှလှမိုး၊ မောင်စိုးထက်အောင်၊ မမေသဲစုတို့က ပြဌာန်းသီချင်း၊ စိတ်ကြိုက်သီချင်းများဖြင့် အစမ်းလေ့ကျင့်  သီဆိုမှုအားဒိုင်အဖွဲ့က အကြံပြုသုံးသပ်တင်ပြခဲ့ပါသည်။ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 1” winner ဆုရှင် မဇင်သူသူထွန်းက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အတွေ့အကြုံများရှင်းလင်းပြောကြား၍ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များ၊ တေးဂီတအဖွဲ့များအား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။


Read More...
24-Aug-2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေး
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊လုပ်ငန်း‌ကော်မတီဝင်များနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊တီးပြိုင်ပွဲကျင်းပ‌ရေး နာယက၊တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက်၊အဆို၊အက၊အရေး၊အတီး ပထမ၊ဒုတိယ၊တတိအကြိမ် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုကော်မတီဝင်များအားလုံးက ဆွေးနွေးရန်လိုပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်များတွင် အဆင့်တိုင်း  ပြိုင်ပွဲအမျိုးအစားတိုင်း အဆင့်ရှိရှိပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြစေလိုကြောင်းနှင့် အောင်မြင်မှုများရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်လျှင်နိုင်ရမည်ဟူသော ရည်မှန်းချက်ထား ယှဉ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လေ့ကျင့်သားပြည့်ဝအောင်စနစ်တကျ အချိန်ယူလေ့ကျင့်၍ ရွက်ပုန်းသီး အနုပညာသမားများ ပေါ်ထွက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ရေး ကြိုတင်ဆောင်ရွက်ရန်ထားရန်လိုပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုရရှိရေး ကော်မတီဝင်များ၊ အနုပညာရှင်များအားလုံးတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။ ဆက်လက်၍ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊လုပ်ငန်းကော်မတီများမှ ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း၊ ခရိုင်စီမံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများက (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
24-Aug-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းသည် ငပုတောမြို့နယ်သို့ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများဘး ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့၊ လမ်းဦးစီးဌာနရိပ်သာ၌ ကွင်းဘတ်ကျွေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးသင့်အိမ်ထောင်စုများကိုယ်စား ငရုပ်ကောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပါသည်။  ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာသို့သွားရောက်၍ ယခုလ ၂၁ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဇီး ချိုင်ကျေးရွာ တံတားချဉ်းကပ်လမ်း ပျက်စီးပြိုကျခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်စေရေး အမြန်ဆုံးပြင်ဆင်၍ ယာယီသွားလာနိုင်ရေးဆောက်ရွက်ရန်၊ တံတားသစ်ဆောက်လုပ်နိုင်မည့် မြေနေရာရှာဖွေရန်မှာကြားခဲ့သည်။  ဆက်လက်၍ ဇီးချိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း နှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကာတံတားတည်ဆောက်နိုင်မည့် အခြေအနေများလျှောက်ထားတင်ပြခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဇီးချိုင်အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ခဲ့ကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ   ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  ထို့နောက် ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းတို့ကို ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ  ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ ကျောင်းနေမြဲစေရေး၊ အမှန်တကယ်စာတတ်မြောက်စေရေး လေ့ကျင့်သင်ကြားပေးရန်မှာကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။   ငပုတောမြို့နယ်တွင် ငရုပ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များရှိ ကျေးရွာ အုပ်စု (၅)စု၊ ကျေးရွာ (၈)ရွာ၊ဘေးသင့်အိမ်ထောင်စု ၇၀ တိို့အတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံငွေများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်ဒိုး- ပုသိမ်- မော်တင်ကားလမ်း ၂ မိုင်/ ၃မိုင် ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ ကားလမ်း ပိတ်ဆို့နေမှုအား စက်ယန္တရားများဖြင့်ဖယ်ရှားရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးလမ်းကြောင်းဖွင့်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။


Read More...
23-Aug-2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအားဂုဏ်ပြုဆုချီးမြှင့်
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို  သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်း နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား  ကျောင်းသား၊ ကျောင်းသူများက“ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မိမိတို့ တိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းသားမိဘများ၊ ပညာရေးဌာနအဆင့်ဆင့်တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကြိုးစားမှုရလာဒ်များပင်ဖြစ်ပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ရာတွင် လူစွမ်းအားအရင်းအမြစ်များရရှိရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန်ထောက်ပံ့ပေးခြင်းအပြင်ကျောင်းသား၊‌ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင်ရေးတို့လည်းလိုအပ်ကြောင်းနှင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရေး ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ပညာရည်ချွန်ဆုပေးပွဲ ဂုဏ်ပြုသီချင်း၊  ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရေကြည်မြို့နယ် ကဗျာလွတ်အကအဖွဲ့တို့က သီဆိုကပြ ဖျော်ဖြေခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေကြည်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်း၊ သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄) ဦးတို့အား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ  (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး၊လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ (၄)ဘာသာဂုဏ်ထူးရရှိသူများအား လည်းကောင်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ကျန်းမာရေးဒုတိယတိုင်းဦးစီးမှူး၊ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ထူးဖြင့်အောင်မြင်အောင်သင်ကြားပေးခဲ့သည့် ဆရာ၊ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။  ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းပါဝင်ခဲ့ကြသည့် စေတနာရှင်၊ အလှူရှင်များစာရင်းအားဖတ်ကြားဂုဏ်ပြုတင်ပြခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း၊ အခြေခံပညာအထက်တန်းကျောင်း(ငါးသိုင်းချောင်း)ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၉)ခုမှ  သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၃၂ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၉၁ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၇၃ဦး၊ ရိုးရိုးအောင်မြင်သူ ၂၃၃ဦးရှိကာ အောင်ချက်(၅၂.၀၇) ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရသည်။   ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-IDစနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီးအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မဲစာရင်းများ ပြုစုဆောင်ရွက်ရာတွင် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။  ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများကြိုတင်စုဆောင်းထားရှိစတိုင် စနစ်တကျပြုပြင်ဆောင်ရွက်စေရေး၊ ဆယ်တင်ပစ္စည်းများစနစ်တကျထိန်းသိမ်းထားရှိစေရေးမှာကြားခဲ့ပြီးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ငါးတဲစုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် မိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီးသည် မိုးစပါး၊နွေစပါး စိုက်ဧက အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊  စိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးရေး၊ စပါး၊ဆန် အရည်အသွေးတိုးတက်ကောင်းမွန်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မျိုးကွဲများ များပြားနေသဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များရရှိစေရးဆောင်ရွက်လျက်ရှိပါကြောင်း၊ စျေးကွက်ယှဉ်ပြိုင်နိုင်ရေးနှင့် Eating Quality ကောင်းမွန်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်များခြွေတာနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သောစိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Ayeyarwaddy Development Public Co., Ltd Voice Chairman မှ စိုက်ပျိုးစရိတ်/သွင်းအားစုထောက်ပံ့ငွေထုတ်ပေးမည့်အခြေအနေများရှင်းလင်းတင်ပြခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုက်ဆံလျှော်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စွာအသုံးပြုနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါမိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတွင် ရေကြည်မြို့နယ်၊နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူ (၈၀)ဦး၊ စိုက်ဧက ၁၀၀၀အတွက် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀၀ ကိုပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။


Read More...
21-Aug-2022
2025 Ayeyarwady Division