ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဆရာ ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက“ဝ.ထ.က.သ.လ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာတွင် စာတတ်မြောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမတတ်သူများပပျောက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေရေးလုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ ပညာရယူနည်း နည်းလမ်းသုံးသွယ်ဖြင့် လူတိုင်းပညာသင်ခွင့် ရရှိနိုင်ရေးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီးစာမတတ်သူများ ပပျောက်ရေး၊ စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေး အဆင့်ဆင့်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းဝင်းအတွင်းရောက်ရှိစေရေးနှင့် ကျောင်းနေမြဲရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ခဲ့ပါကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာနှုန်းမြင့်မားစေရေးယခင်နှစ်ထက်ပိုမိုသာလွန်စေရေး ကျောင်းသား၊မိဘ၊ဆရာများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ လူတိုင်းအတွက်ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်နိုင်စေရန် အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ယူနက်စကိုအဖွဲ့ညွှန်ကြားရေးမှူးချုပ်၏ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု (Video Clip)ပြသမှုနှင့် အမှတ်(၂ ) အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုမှုတို့ကို အားပေးခဲ့ကြောင်းသိရသည်။


Read More...
08-Sep-2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေး လမ်းညွှန်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များအား ချက်ချင်းချပြဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်ဒေသလူဦးရေ ၈၆% ရှိပြီး ယာဉ်အသုံးပြုမှုစုစုပေါင်း၏ ၉၆% သည် မော်တော်ဆိုင်ကယ်ဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင်မော်တော်ဆိုင်ကယ် မတော်တဆမှုများပိုမို အဖြစ်များပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေး တို့အတွက် ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကို သေချာစွာစစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆုံးရှုံးမှုကြီးမားသဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေး လစဉ်ရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
06-Sep-2022
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ အဆိုပညာရှင်၊ ဂီတပညာရှင်များနှင့် ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင် အဆို၊ အက၊ အရေး၊ အတီးအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။  ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လူမှူရေးရာဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေးတို့အတွက် မြို့နယ်အဆင့်ပြိုင်ပွဲများ၊ ခရိုင်အဆင့်ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပကာ ပြိုင်ပွဲဝင်များရွေးချယ်လေ့ကျင့်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အဆင့်တိုင်း၊ ဘာသာရပ်တိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးတည်ချက်များချမှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ (၂၂) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့်  စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ ယခု (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင်လည်းအောင်မြင်မှုများရရှိမည်ဟုမျှော်မှန်းထားပါကြောင်း၊ ထို့ပြင် ပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာရရှိခဲ့သည့်ရာမာယဏဇာတ်တော်ကြီးကိုလည်းပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်လို့ ပိုမိုအောင်မြင်မှုရရှိစေရေး ကြိုးစားကြစေလိုပါကြောင်း၊ အကဲဖြတ်ဒိုင်များကလည်း အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်အမှတ်ပေးပြီးတိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် ပြိုင်ပွဲဝင်များထွက်ပေါ်လာစေရေးရွေးချယ်ပေးစေလိုပါကြောင်း၊ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် အဆင့်တိုင်း၊ ဘာသာရပ်တိုင်းပါဝင်ယှဉ်ပြိုင်နိုင်ရေး ဝိုင်ဝန်းကြိုးစားအားထုတ်ဆောင်ရွက်ပေးကြသောတာဝန်ရှိသူများအားလုံးကျေးဇူးတင်ကြောင်းနှင့် အောင်မြင်မှုများရရှိစေရေး သက်ဆိုင်ရာကော်မတီအဖွဲ့များ၊အသိပညာရှင်များအတတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း  ”ပြောကြားသည်။  ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သည့် ဖွံ့ဖြိုးဝေစည်ဧရာဝတီသီချင်းအား တူယှဉ်နွှဲပျော်ဂီတပွဲတော် Winner ဆုရှင် မဇင်သူသူထွန်းနှင့်အဖွဲ့မှ သီဆိုဖျော်ဖြေမှု၊ မြောင်းမြခရိုင်ကိုယ်စားပြု ကျေးလက်ရိုးရာအကအဖွဲ့မှကပြဖော်ဖြေမှု၊ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သည့် ဖိတ်ခေါ်ပါသည်ဧရာဝတီတေးသီချင်းသီဆိုဖျော်ဖြေမှု၊ မြောင်းမြခရိုင်ကိုယ်စားပြု မွန်ရိုးရာကအဖွဲ့မှကပြဖော်ဖြေမှု၊ နိုင်ငံကျော်အဆိုတော်၊ ဝါးခယ်မဦးရဲမောင်၏သီဆိုဖျော်ဖြေမှုများနှင့် ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အခြေခံပညာ(၁၀-၁၅) အမျိုးသမီးကဗျာလွတ်အက၊ ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးအက၊ ဝါသနာရှင်ဒုတိယတန်း အမျိုးသားအက၊ အဆင့်မြင့်ပညာ အမျိုးသမီးအက၊ အဆင့်မြင့်ပညာအမျိုးသားအက၊ အခြေခံပညာ (၁၅-၂၀)အမျိုးသမီးအက၊ အခြေခံပညာ (၁၅-၂၀)အမျိုးသားအက၊ အခြေခံပညာ(၁၀-၁၅) အမျိုးသမီးအက၊အခြေခံပညာ(၁၀-၁၅) အမျိုးသားအကများအားခရိုင်အလိုက် ယှဉ်ပြိုင်မှုများကိုကြည့်ရူအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကို ယခုလ ၃ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခရိုင် (၆)ခရိုင်မှအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်စုစုပေါင်း ၄၁၆ ဦးဖြင့် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
03-Sep-2022
ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ် စားပြု စစ်တုရင်အသင်းအားအောင်နိုင်ရေးအလံပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်း၏ လေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျလေ့ကျင့်စေရေး၊ နည်းစနစ်မှန်ကန်စေရေးနှင့် နည်းပြများ၏သင်ကြားမှုများကိုမှတ်သားနာယူဆောင်ရွက်စေရေး မှာကြားခဲ့ပါသည်။  ဆက်လက်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး  စစ်တုရင် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ စစ်တုရင်အားကစားအောင်နိုင်ရေးအတွက် ပြိုင်ပွဲများအဆင့်ဆင့်ပြုလုပ်၍ အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊  စဉ်းစားတွေးခေါ်နိုင်မှု ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊  တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  စစ်တုရင်အားကစားနည်းတွင် တစ်ဦးချင်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်များဆွတ်ခူးခဲ့သည့်အပြင် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်အထိအောင်မြင်ခဲ့ပါကြောင်း၊  ယခုပြိုင်ပွဲတွင်လည်းရလဒ်ကောင်းများရရှိမည်ဟုမျှော်မှန်းထားပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”‌ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင် အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၆ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
01-Sep-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများ စိုက်ပျိုးခြင်းနှင့် ကျေးရွာထင်းစိုက်ခင်းများ ထူထောင်ပေးလျှက်ရှိပါကြောင်း၊၎င်းအပြင်ဒီရေတောစိုက်ခင်းနှင့် ကြိုးပြင်ကာကွယ်တောများအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စီးပွားရေးစိုက်ခင်း (၂,၆၈၅) ဧက၊ ဒီရေတောစိုက်ခင်း (၂၈၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၉၁၆) ဧက၊ စုစုပေါင်း (၆,၄၀၁) ဧက စိုက်ပျိုးတည်ထောင်လျက် ရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ် မိုးရာသီ၌ ခရိုင်/မြို့နယ်အသီးသီးတွင် လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း နှင့် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်စိုက်ပျိုးခြင်းဖြင့် ပျိုးပင်ပေါင်း ၁၃၃၁၉၉၀ပင်ဖြန့်ဝေစိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အနေနဲ့ ... ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာမြို့နယ်များတွင် တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ အုန်းပင် (၃၀၀၀) ပင်နှင့် ဒီရေတောပင် (၉၅၅၀) ပင်တို့ကိုလည်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ စိုက်သမျှအပင်များ ရှင်သန်အောင်မြင်ဖို့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုဧကများပိုမိုတိုးပွားလာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာအလိုက်၊ ကျေးရွာအလိုက်၊ဒေသအလိုက် အားလုံးကလည်း သစ်ပင်များ ရှင်သန်အောင်မြင်အောင်စိုက်ပျိုးသွားကြဖို့ အထူး တိုက်တွန်းလိုပါကြောင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ယူကလစ်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၁၀၂၁ပင်အား စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ်ရှေ့ လူသွားလမ်းဖောက်လုပ်ရန် အောက်ခံမြေသားအမာခံရရှိရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေး ကောင်းမွန်စေရေးဆောင်ရွက်ရန် မှာကြားခဲ့ကာ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကြားရှိ  တက်ဆိပ်ချောင်းအတွင်းရေစီးရေလာကောင်းမွန်စေရေး ဗေဒါနှင့်အမှိုက်များ ဆယ်ယူနေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေးကာ စနစ်တကျဆယ်ယူစွန့်ပစ်စေရေး၊ ရေမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့အား အသိပညာပေးဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။ ယင်းနောက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အတွင်းရှိ နန္ဒဆောင်နှင့် တေဇဆောင်အားလည်းကောင်း၊ကိုးသိန်း ဘောလုံးအကယ်ဒမီကျောင်းရှိ အဆောင်များအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေ၊မီးများ ကောင်းမွန်ပြည့်စုံရေးနှင့်အဆောင်အတွင်း အပြင်သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်းချဲ့ခြင်း၊ မြေတူးခြင်းနှင့်အမာခံကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


Read More...
27-Aug-2022
2025 Ayeyarwady Division