ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် သမိုင်းဝင် တာဝတိံသာ ဘုရားကြီးနှင့် ရွှေစည်းခုံစေတီ ပုရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး  သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းရေး၊  လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေးတို့အားမှာကြားသည်။ ထို့နောက် လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံအား လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့သွားရောက်၍ လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့်  စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားပြီး မြို့ရှောင်လမ်းတစ်လျှောက်သန့်ရှင်းသာယာမှုရှိစေရေးကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ သရောင်းချောင်းစိုက်ပျိုးရေးခြံ၊ ပေါ်ဆန်းမွှေး(၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ပိုးမွှားများမကျရောက်မှုမရှိစေရေး၊ မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများထံ မျိုးကောင်းမျိုးသန့်စပါးများဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  ၁၇၀၀ပေ×၈ပေ× ၆ လက်မထုရှိသော ကွန်ကရစ်လူသွားလမ်းအား စည်ပင်သာယာရေးအဖွဲ့မှ Colour Brick ခင်းခြင်းနှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။


Read More...
08-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား နှုတ်ဆက်အားပေး
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်နည်းပြများနှင့် တွေ့ဆုံခဲ့ပြီး ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားပြီး လိုအပ်သည်များ ပြင်ဆင်ကြရန်၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးရေးအဖွဲ့များအနေဖြင့်လည်းမိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊  သွားလာနေထိုင်စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကိုဗစ်၁၉ရောဂါကာကွယ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့်ကျန်းမာရေးအထူးဂရုပြုကြရန်၊ မော်တော်ယာဉ်များကိုလည်းယာဉ်စည်းကမ်းလမ်းစည်းကမ်းများအတိုင်းမောင်းနှင်ရန်၊ အုပ်ချုပ်မှုယာဉ်များစနစ်တကျလိုက်ပါဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုရရှိစေရေးကြိုးစားကြရန်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။


Read More...
08-Oct-2022
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဝူရှူးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဝူ ရှူးအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူ ရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူမှ  ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစား အောင်နိုင်ရေးအတွက်အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး လေ့ကျင့်သားပြည့်ဝစေရန်နှင့်ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်၍ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဝူရှူးအသင်းအနေဖြင့်  အောင်မြင်မှုရရှိသည့်အစဉ်အလာကောင်းများရှိခဲ့သဖြင့် ပိုမိုအောင်မြင်စေရေးကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”‌ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဝူရှူးအသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၈ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
07-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်သင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲသို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်) အနေဖြင့် အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းစသည်ဖြင့် သင်တန်းစုစုပေါင်း (၂၆) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၁၂၀၀ဦးတို့ကို အသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် လူငယ်လူရွယ်များပြားပြီး ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်နိုင်ခြင်းကြောင့်   အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပါကြောင်း၊ သင်တန်းနည်းပြများအုပ်ချုပ်သူများမှ စနစ်တကျသင်ကြားပြသမှုများကို မမေ့မလျော့ဘဲ ဆည်းပူးလေ့လာ၍ လက်တွေ့ဘဝနယ်ပယ်တွင် မိသားစုဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားကြရမှာဖြစ်ပါကြောင်းနှင့် သင်တန်းကျောင်းရည်ရွယ်ချက်များကိုကောင်း စွာသိရှိနားလည်ပြီး မိမိတို့ဒေသဖွံံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုနှင့်  သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပါသည်။  ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများချုပ်လုပ်ထားရှိသည့်လက်ရာများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို သင်တန်းကာလ (၂၂)ပတ်ကြာသင်ကြားပို့ချခဲ့ပြီး သင်တန်းသူ ၃၅ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။


Read More...
07-Jul-2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်က  ပုသိမ်မြို့၊မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီး များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်အားပေးခဲ့ကြသည်။  ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများပြုလုပ်၍ အရည်အချင်းပြည့်မီသူများအား စနစ်တကျရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားလိုက်နာပြီး ပြိုင်ပွဲဝင်သွားရမှာဖြစ်ပါကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးသူများအနေဖြင့်လည်းမိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ (၂၂) ကြိမ်မြောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် ၁၂၅ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ဆုရရှိမှုတန်းစီဇယား စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၉၃ဦးဖြင့် ပြိုင်ပွဲဘာသာရပ် များအားပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယခင်နှစ်ထက် အောင်မြင်မှုများပိုမိုရရှိစေရေးကြိုးစားဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံးကျန်းမာရေးအထူးဂရုပြုကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာရရှိ၍ အောင်ပွဲနှင့်အတူ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းကြရန်”ပြောကြားသည်။ ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ ဝါသနာရှင်(ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒုတိယတန်း)အမျိုးဂုဏ်၊ဇာတိဂုဏ်၊ အဆင့်မြင့်ပညာ ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ(၁၅-၂၀) ခေတ်ဟောင်းကာလပေါ်တေးများဖြင့်လည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)တစ်ဦးချင်းအကများကိုလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်းဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ဒုတိယတန်း စောင်း၊ အဆင့်မြင့်ပညာ ဂီတာ၊ အခြေခံပညာ(၁၅-၂၀) မယ်ဒလင်၊  အခြေခံပညာ(၁၀-၁၅)စန္ဒရား၊ အခြေခံပညာ (၁၅-၂၀)ဆိုင်းအဖွဲ့လိုက်တို့၏ အနုပညာစွမ်းရည်များပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တေးရေးဆရာဦးသန်းရှိန်ရေးစပ်သီကုံးသည့် လက်တွဲညီညီရှေ့သို့ချီ သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။


Read More...
06-Oct-2022
2025 Ayeyarwady Division