ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊  ရေကြည်မြို့နယ်၌ မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက အောင်ဆန်းမြို့ပတ်လမ်းရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်နေရာတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာများ၌ နေရာ ယူ၍  ပန္နက်တိုင်များ စိုက်ထူပြီးနောက် အခမ်းအနားအားဆက်လက် ပြုလုပ်ရာ  မူလတန်းကြို ကျောင်း RC(၂)ထပ်ဆောက်လုပ်မည့်ကုမ္ပဏီမှ အဆောက်အဦ ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က" ရေကြည်မြို့နယ်တွင် RC(၂)ထပ် မူလတန်းကြိုကျောင်း ပေါ်ထွန်းလာတော့မည်ဖြစ်ရာ ကလေးငယ်များပိုမို လုံခြုံစိတ်ချစွာ ပညာသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းမှစတင်၍ ပတ်ဝန်းကျင်ကောင်းတွင် သင်ကြားမှုစတင်ရာမှတဆင့် အခြေခံပညာကျောင်းများသို့ အခက်အခဲမရှိ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ မြေနေရာလှူဒါန်းပေးသည့် အလှူရှင်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြို့သူ၊ မြို့သားများကလည်း မိမိမြို့စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ပူးပေါင်း ဆောင်ရွက် ကြရန်လိုပါကြောင်း”ပြောကြားသည်။ ယင်းနောက် မူလတန်းကြိုကျောင်း ဆောက်လုပ်ပေးခြင်းနှင် ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်က  အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကျားချောင်ကျေးရွာအုပ်စု၊ ကျားချောင်ကျေးရွာ တောင်သူဦးစိုးမြင့်၏ ကွင်း/ဦးပိုင်အမှတ်(၈၇၈၊၂/၁) ဆင်းသုခ (၁.၀၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက အထွက်နှုန်း ၇၇ တင်း ထွက်ရှိခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်က ယူရီးယားဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချရေးနှင့် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများသုံးစွဲရေးတို့အား မှာကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ယခုပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း အား ဖြေဆိုရန် နောက်ဆုံးအကြိမ် အခွင့်အရေးဖြစ်ပါကြောင်း၊ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်ရေး ကြိုးစားရမှာဖြစ်ပါကြောင်း၊ မိဘများကိုလည်း မိမိတို့ သားသမီးများ အတွက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ရေး အခွင့်အရေးပေးရန် တိုက်တွန်းပါကြောင်း၊ ပညာရေးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျုံပျော် ခရိုင်သည် အောင်ချက်ကောင်းသည့် ခရိုင်ဖြစ်သဖြင့် အောင်ချက်အား ဆက်လက်ထိန်းသိမ်းရန် လိုပါကြောင်းနှင့်  အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းအသီးသီးသို့ ရောက်ရှိလာရေး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း”ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ကျုံပျော်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဌာနများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
29-Oct-2022
တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က"နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီမှ ချမှတ်ပေးသော မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကမ်းရိုးတန်းသယံဇာတများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ စုစည်းရန်၊ ကမ်းရိုးတန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်နှင့် သုတေသနစခန်းများထူထောင်ရန်နှင့် ဗဟိုကော်မတီနှင့်တိုင်းဒေသကြီးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အလေးထားဆောင်ရွက်ကြရန်" ပြောကြားသည်။  ထို့နောက် တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် သစ်တောဦးစီးဌာန၊ ကမ်း‌ခြေစောင့်တပ်ဖွဲ့ကိုယ်စားလှယ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများကဗဟိုကော်မတီနှင့် တိုင်းဒေသကြီးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
28-Sep-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံတို့၌ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအား‌ပေး၊ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်၊ MSMEsလုပ်ငန်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်း၌ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၌ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဆရာ၊ ဆရာမ များ၏ ကဏ္ဍသည် အရေးပါကြောင်း၊ နာ(၃)နာကို အခြေခံ၍ စံနမူနာပြဖြစ်အောင် ပြုမူနေထိုင်ကြရန် လိုကြောင်း၊ ဆရာဟူသည် လေ့လာဆည်းပူးလျက်ရှိသည့် ထာဝရ ကျောင်းသားကြီးများပင်ဖြစ်ကြောင်း၊ အများအကျိုး ကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိတွေပြည့်စုံလာအောင်၊ စံနမူနာပြတွေဖြစ်အောင် ဆောင်ရွက်ပေးကြရမည့် တာဝန်တွေရှိကြောင်း"ပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။   ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံသို့ သွားရောက်ကာ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က"ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဖြစ်သည့်အတွက် စိုက်ပျိုးရေးသိပ္ပံမှ ဒိပလိုမာဘွဲ့ရရှိသူများသည် စိုက်ပျိုးရေးကဏ္ဍတွင် အားထားရသူများဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ(နေကြာ)နှင့် ကော်ဖီတို့အား တိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ပျိုးမည် ဖြစ်သည့်အတွက် စိုက်ပျိုးနည်းများကို စာတွေ့သာမကဘဲ စာတွေ့လက်တွေ့ပေါင်းစပ်၍ မြေပြင်မှာ အောင်မြင်မှုရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း"ပြောကြားသည်။ထို့နောက် သင်တန်းသား သင်တန်းသူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ စိုက်ပျိုးရေးသိပ္ပံ ဒုတိယကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။   ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် စံပြမုန့်မျိုးစုံ လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ကိတ်မုန့် ကိတ်ခြောက် ကြက်ဥပူတင်း အစရှိသည့် မုန့်မျိုးစုံ လုပ်ကိုင်ပုံအဆင့်ဆင့်အား တာဝန်ရှိသူလုပ်ငန်းရှင်တစ်ဦးမှ လိုက်လံရှင်းလင်းပြသပြီးနောက် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြုနိုင်ရေး၊အရည်အသွေးကောင်းမွန်ရေး၊ဓာတုဆိုးဆေးများအသုံးမပြုရေး၊ ထုပ်ပိုးမှု စနစ်တကျရှိစေရေးနှင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


Read More...
27-Sep-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြို့နယ်၊ပိုးလောင်းအုပ်စု၊ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited ၏ လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစက်ရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်‌ အောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်,မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။ ဦးစွာ စက်ရုံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လောင်စာတောင့်စက်ရုံ ဖွင့်လှစ်နိုင်သည့်အတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နှစ်စဉ် မိုးစပါး/နွေစပါး စိုက်ဧက ၅ သန်းကျော် စိုက်ပျိုးလျက်ရှိရာ စပါးခွံတန်‌ပေါင်း မြောက်မြားစွာ ထွက်ရှိပါကြောင်း၊ ​ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ယခုဖွင့်လှစ်​ပေးလိုက်သည့်စပါးခွံသုံး​လောင်စာ​တောင့်စက်ရုံ အပါအ၀င် စက်ရုံအကြီး/အ​သေး ၁၁ ရုံရှိပြီဖြစ်​ကြောင်း၊ ယခုစက်ရုံတွင် စပါးခွံသုံး ဘွိုင်လာတာဘိုင်(၂ မဂ္ဂါဝပ်)၂ လုံး တပ်ဆင်ထားပြီး အဆိုပါဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် စက်ရုံလည်ပတ်ရန်အပြင် ပိုလျံသည့် လျှပ်စစ်ဓါတ်အားဖြင့်ပတ်၀န်းကျင်​ကျေးရွာများသို့မီး​ပေးနိုင်မည်ဖြစ်​ကြောင်း၊ ထပ်မံ၍လည်း စပါးခွံသုံး ဘွိုင်လာတာဘိုင် ၁ လုံး တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ လောင်စာတောင့်စက်ရုံအနေဖြင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံနှင့်မြေပဲခွံတို့ကို အသုံးပြု၍ လောင်စာတောင့်ပြုလုပ်နေသည့်အတွက် နိုင်ငံ့၀င်ငွေတိုးစေသည့်အပြင် သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေးလူမှုရေး အစရှိသည့် CSRလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည့်သူများအားအလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရန်”ပြောကြားသည်။ ထို့နောက် SSBE Co.Ltd၏ မန်နေးဂျင်းဒါရိုက်တာ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကုမ္ပဏီရှင်းလင်းဆောင်၌ စက်ရုံလည်ပတ်မှုအခြေအနေများနှင့်ပတ်သက်၍  ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပြီး‌နောက် စပါးခွံသုံးဘွိုင်လာတာဘိုင်အား စမ်းသပ်လည်ပတ်ရန် ဝန်ကြီးချုပ်မှ ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဘွိုင်လာအတွင်းသို့ စပါးခွံ ထည့်၍ စွမ်းအင်ထုတ်ယူပုံနှင့် ယင်းမှ ထွက်ရှိသည့် အပူစွမ်းအင်အား တာဘိုင်သို့ပို့ဆောင်လျက် တာဘိုင်မှတစ်ဆင့် Generatorသို့ ပို့ဆောင်၍ လျှပ်စစ်ထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ ရေငန်မှ ရေချိုသို့ ပြောင်းလဲ သန့်စင်စက်အားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား  အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့်  စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီးနောက် စက်ရုံဝန်ထမ်းများနှင့်ရင်းနှီးစွာ‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။


Read More...
27-Sep-2022
ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးသည့်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်‌ဆေးသည့်အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ  တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၃ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား စခန်းသွင်းလေ့ကျင့်ပေးလျှက်ရှိရာ ပြိုင်ပွဲဝင်မည့်ပုံစံအတိုင်း အရည်အချင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လေ့ကျင့်သား ပိုမိုပြည့်ဝလာသည်နှင့် ဆုတံဆိပ်များ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုပြုနေထိုင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊အက၊အရေး၊အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏အနုပညာစွမ်းရည်အား အစွမ်းကုန်ဖော်ထုတ်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူနိုင်ပါစေကြောင်း”ပြောကြားသည်။ ဆက်လက်၍ (ဝါသနာရှင် ဒုတိယတန်း (အဆို)မဟာဂီတ)၊ (ဝါသနာရှင် ပထမတန်း(တစ်ဦးချင်းအက))၊ (အဆင့်မြင့်ပညာရှင်(အတီး)ဂီတာ၊မယ်ဒလင်)၊(ဝါသနာရှင်ပထမတန်း(ဆိုင်းအဖွဲ့လိုက်)(ကျား)၊ (ဝါသနာရှင်ဒုတိယတန်း(ဆိုင်းအဖွဲ့လိုက်)(မ)နှင့် (ဝါသနာရှင် ဒုတိယတန်း(အတီး)မယ်ဒလင်)တို့၏ အရည်အချင်းစစ် အနုပညာစွမ်းရည်များပြသခဲ့ကြပြီး အကဲဖြတ်ဒိုင်များက တစ်ဦးချင်းပြည်လည်သုံးသပ်ဆွေးနွေးခဲ့တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


Read More...
26-Sep-2022
2025 Ayeyarwady Division