ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိ၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုသင်တန်းသည် အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိသားစုအား အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဥ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ခေတ်နှင့်လျှော်ညီသော စက်ချုပ်ဘာသာရပ်များ၊ လက်မှုဘာသာရပ်များ၊ မုန့်လုပ်နည်းဘာသာရပ်များအပြင် အသိပညာပေးဆွေးနွေးမှုများကိုလည်း သင်ကြားပို့ချပေးလျှက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ပညာသင်ကြားစဥ်တွင် အချိန်ကိုအကြိုးရှိစွာအသုံးချရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းကရရှိသည့် အသက်မွေးဝမ်းကျောင်းပညာနှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြရန်အတွက် သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီးနောက် သင်တန်းသူများအတွက် ​ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ပို့ချမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ကာ သင်ထောက်ကူပစ္စည်းများနှင့် ​လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပါသည်။


Read More...
08-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူသင်တန်း ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။  ဦးစွာ သင်တန်းသား၊သင်တန်းသူများက  မြောင်းမြပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် " ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုအားကောင်းသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ကြောင်း၊ ပညာရေးဘွဲ့ တက်ရောက် ကြသည့် ဆရာကြီး၊ဆရာမကြီးအတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများ၊ တပည့်သားသမီးများအား တတ်သိလိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊  စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရန်နှင့်အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေးစနစ်တွင် ပြီးပြည့်စုံစေရေး ဆရာ၊ ဆရာမများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် စွမ်းဆောင်ရည့်မြှင့်သင်းတန်းများ၊ မွမ်းမံသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကိုလည်း ဆောင်ရွက် အားဖြည့်ပေးလျှက်ရှိပါကြောင်း၊ နည်းပညာများတိုးတက်ပြောင်းလဲလာသည့်အတွက် လည်း ဆရာ၊ ဆရာမများအနေဖြင့် အမြဲတမ်းလေ့လာမှတ်သားနေရမှာဖြစ်ကြောင်းနှင့်  တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၅ ဦးနှင့် ပထမနှစ် (၃/၂၀၂၃)သင်းတန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၁ ဦး တက်ရောက်လျက်ရှိပါသည်။


Read More...
08-May-2023
ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည်ညိုပူဇော်
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပိန္နဲကွင်းကျောင်းတိုက်၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဩဝါဒစရိယဆရာတော်ကြီးများ၊မဟာဒွါရနိကာယ ဒုတိယသာနာပိုင် ဆရာတော်ကြီးနှင့် သံဃနာယကဆရာတော်ကြီးများအမှူးပြုသော ဆရာတော် သံဃာတော်များအား ဓမ္မာရုံသို့ပင့်ဆောင်ခဲ့ကြပြီး လယ်ယာကျောင်းဆရာတော်မှ ပလ္လင်တော်ပင့်အခါတော်ကြားဂါထာအား ရွတ်ဖတ်ပူဇော်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးအား ဓမ္မာရုံတော်သို့အကျိုးတော်ဆောင် သာသနာတော်ထုံးတမ်းအစဉ်အလာနှင့်အညီ ဆက်လက်ပင့်ဆောင်ခဲ့ကြပြီးနောက် အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ကြံခင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မဟာဒွါရ)အဂ္ဂမဟာကမ္မဌာနစရိယ ကန်ကလေးတောရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သက်တော်ရှည် ဆရာတော်ကြီး(၃)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်း  ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ထပ်ဆင့်ဆက်ကပ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ရှောက်ခုံကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ရှောက်ခုံကျေးလက်ကျန်းမာရေးဌာနခွဲသို့သွားရောက်၍ လျှပ်စစ်မီးအားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးပေးခန်းနှင့်ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
06-May-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၅ ရက်နေ့တွင်ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်များနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၂  မေလ ၅  ရက်နေ့ ညနေပိုင်းအချိန်တွင် တိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပရာ  အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်မှ အမှာစကားပြောကြားရာ ယခင်နှစ်များတွင်ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဖြစ်ပေါ်ခဲ့မှုအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့မှု အကျိုးသက်ရောက်မှုများအားသုံးသပ်ရန်လိုအပ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှနှင့် အခြားသောမိုးလေဝသ Website များမှ ထုတ်ပြန်သည့် မိုးလေဝသတင်းများအား ပြည်သူများစောစီးစွာသိရှိ၍ ကြိုတင်ပြင်ဆင်နိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ပင်လယ်ကမ်းစပ်ဒေသနေထိုင်သူများအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုမှာ အလွန်အရေးကြီးပြီး မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်၍အချိန်နှင့်တစ်ပြေးညီသိရှိစေရေး၊ပြည်သူများလိုက်နာဆောင်ရွက်စေရေး အသိပေးရန်လိုအပ်ကြောင်း၊မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး အသိပညာပေးခြင်းလုပ်ငန်းများအားကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အသက်ကယ်ကုန်းများ၊ သဘာဝဘေးဒဏ်ခံအဆောက်အဦးများ၊ ဆိုင်ကလုန်းရှယ်တာများကြိုတင်ပြင်ဆင်ထားရှိရန်၊ အစားအစာများ၊ သောက်သုံးရေများစုဆောင်းထားရှိရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးနှင့် အရံစနစ်များထားရှိဆောင်ရွက်ရန်လိုပါကြောင်း၊အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားအသေးအဖွဲမှအစ အလေးအနက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြည်သူများလိုက်ပါဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အောင်နမြင်စွာဆောင်ရွက်နိုင်စေရေး တက်ရောက်လာကြသူများမှ အကြံပြုတးဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိတပ်ရင်းတပ်ဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ထားရှိများရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးမှတင်ပြရာ မိုးကြိုကာလတွင် မုန်တိုင်းဖြစ်ပေါ်ခဲ့မှု များနှင့် မေလ ၅ ရက်နေ့ တိုင်းထွာချက်များအရ မေလ ၇ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုမှမုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင် ပြီး ၈ ရက်နေ့ တွင်မုန်တိုင်းငယ်အ ဖြစ်သို့ရောက်ရှိနိုင်ကာ ၁၀ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်မှုနှင့် လမ်းကြောင်းရွေ့လျားမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် သဘာဝဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
05-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာ‌ပေးစာယူ ဒုတိယနှစ်နှင့် ပထမနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ရာ သင်တန်းသား၊သင်တန်းသူများက  “ကြိုဆိုလက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က " ပညာရေးဘွဲ့(B.E.D) သင်တန်းအား သင်တန်းတက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ  ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊  စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍ ကိုတိုးတက်အောင်မြှင့်တင်ကြရမှာဖြစ်သလို ပညာတတ်များဖြင့်သာ နိုင်ငံတော်ကိုတည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ နည်းပညာနှင့် လူစွမ်းအား အရင်းအမြစ် လိုအပ်ချက်ကြောင့်ကျောင်းနေအရွယ်ကလေးတိုင်းKG+9ပြီးသည်အထိ ပညာသင်ကြားနိုင်ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေး နှင့် အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အသက်မွေးဝမ်းကျောင်း ပညာကျောင်းများကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၊သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအနေဖြင့်  ဆရာ့ တာဝန် နှင့် အညီ စာတော် ၊ စာတတ်ရုံသာမက ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းသည့် တပည့်များဖြစ်အောင် သွန်သင်ဆုံးမ ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်”တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၀ဦးနှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၉ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-May-2023
2025 Ayeyarwady Division