ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


(‌၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ဂုဏ်ပြုစစ်ရေးပြတပ်ခွဲက အလေးပြုပြီးနောက် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များအား အလေးပြုခြင်းနှင့် မီးသတ်တပ်ဖွဲ့ သစ္စာဓိဌာန်(၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် ရေဘေး၊လေးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း တည်ဆောက်ခဲ့တာဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် အစီအမံများ စနစ်တကျချမှတ်လုပ်ဆောင်ခဲ့သည့်အပြင် တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ် လုပ်ကိုင်နေကြတာ တွေ့ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကိုလက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလမျှော်မှန်းပြီးအသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equipment Power နှင့်Technology Power တွေကို ဟန်ချက်ညီအောင် တည်ဆောက်သွားရမှာဖြစ်ပါ‌ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(၁)ရုံး၊ ခရိုင်မီးသတ်စခန်း(၅)စခန်း၊ မြို့နယ်မီးသတ်စခန်း(၂၆)စခန်း၊ နယ်မြေမီးသတ်စခန်း (၄၀)စခန်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အင်အားမှာလည်း (၁၁၂၁)ဦးထိ ရှိလာခဲ့ပြီးဖြစ်ပါကြောင်း၊ ခေတ်မီလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်း ကိရိယာများကို နှစ်အလိုက်ဖြည့်တင်းဆောင်ရွက်လျက်ရှိရာမှာ မီးသတ်ယာဉ်/စက်အင်အား (၂၇၆)စီးအထိ ဖြည့်တင်းနိုင်ခဲ့ သလို ပိုလန်နိုင်ငံ၏ Official Development Assistance - ODA အစီအစဉ်နှင့် ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပိုလန်မီးသတ်ယာဉ်(၂)စီးကိုလည်း ဖြည့်တင်းပြီးအသုံးပြုလျက် ရှိပါကြောင်း၊အထူးသဖြင့် မီးသတ်သမားတပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိအသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားသည့် ဂုဏ်ဒြပ်ကို ယနေ့ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့မှာ အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြပါစို့ဟု” ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂုဏ်ပြု စစ်ရေးပြတပ်ခွဲမှ အလေးပြုပြီး တန်းဖြုတ်ထွက်ခွာခဲ့ကြသည်။  ဆက်လက်၍  အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၏  ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုးဆင်း/ကူးနည်းသရုပ်ပြခြင်း၊ Valley Rescue သရုပ်ပြခြင်း၊မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသခြင်းနှင့် ဆီသိုလှောင်ကန် မီးလောင်မှုအား သရုပ်ပြငြိမ်းသတ်ခြင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ကြည့်ရှုအားပေးခဲ့ ကြသည်။ ထို့ နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
05-May-2023
ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ရေခလုတ်ကျေးရွာ ထူပါရုံကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော်ဘုရားကြီးထံ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆင်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်မိသားစုများမှ ရတနာစိန်ဖူးတော်အားလည်း၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အလှူရှင်မိသားစုများမှ ငှတ်မြတ်နားတော်အားလည်းပင့်ဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်များမှ ဒေဝါဝင်း၊ ရာဇာဝင်းများလိုက်ပါလျက်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်နိုင်ရန် အလှူရှင်မိသားစုက ပန်းရထားစင်မြင့်ပေါ်သို့ ပင့်ဆောင်၍ ပန်းရထားဖြင့် စေတီတော်မြတ်ကြီးသို့ ဆက်လက်ပင့်ဆောင်လှူပူဇော်ခဲ့ပြီး မင်္ဂလာအချိန်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏အထွဋ်သို့ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တပ်ဆင်ပူဇော်ခဲကြပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။


Read More...
04-May-2023
ပုသိမ်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ပရဝုဏ်အတွင်း ကျင်းပခဲ့ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက် နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား ပန္နက်တော်၊လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ  ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။


Read More...
04-May-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အခမ်အနားကျင်းပ
ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့တောင်ဘက် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်တော် အမှတ်(၁)၊ မဟာဗောဓိပင်တော် အမှတ်(၂)အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတော် မဟာမင်္ဂလာအခမ်းအနားအား ကျင်းပရာ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခောဒကပူဇာ ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့၍ သာဓုသုံးကြိမ် ခေါ်ဆိုပြီးနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဒုတိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် တရားသူကြီးချုပ်တို့မှ မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်ပူဇော်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော အဖွဲ့(၁)က   အခမ်းအနားမှူးမှ  “ဇယောဟိဗုဒ္ဓဿ”ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်‌၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားတက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတို့က အလှည့်ကျနေရာယူ၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတော်အား တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၈ခရိုင်မှ မြို့နယ်အသီးသီးတွင် လည်းစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။


Read More...
03-May-2023
၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ
၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား  ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်‌ဆောင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ ဩဝါဒစရိယဆရာတော်ကြီးများ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ  ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား  ကြွရောက်တော်မူလာကြသော စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီး (၉) ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံခွန်၊ကုက္ကား၊မုလေးပွားများ ဆက်ကပ်ခဲ့ပြီးနောက်  ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို    ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူပေးပါရန် သဘာပတိအဖွဲ့ကလျှောက်ထားခဲ့ပြီး စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအဖွဲ့တို့မှ ဩဝါဒစရိယဆရာတော်ကြီးများအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချအလှူတော်မင်္ဂလာကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ဆရာတော်  (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ပင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရားအပါအဝင် သံဃာတော်၂၀၅၂ပါး၊သီလရှင်၂၅၉ပါး၊စုစုပေါင်း၂၃၁၁ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ပုသိမ်မြို့အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၈)ခရိုင်နှင့် မြို့နယ်၊မြို့များ၌ကျင်းပပြုလုပ်ခဲ့ရာ  သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၃၄၆၇)ပါးအား လောင်းလှူနိုင်ခဲ့ကြောင်းသိရသည်။


Read More...
03-May-2023
2025 Ayeyarwady Division