ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


နိုင်ငံတော်ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ မြစည်မဟာစည်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညိုပူဇော်
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့၊မြစည်မဟာစည်သာသနာ့ရိပ်သာ၏  နိုင်ငံတော် “ကမ္မဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ မြစည်ဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရိပ်သာအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ “ကမ္မဌာနာစရိယ” ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားပင့်ဆောင်တော်မူပြီး အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ဒုတိယဥက္ကဋ္ဌ၊ငါးသိုင်းချောင်းမြို့၊ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တသံဝရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ ကမ္မဌာနာစရိယ ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ”၏ထေရုပ္ပတ္တိအား အခမ်းအနားမှူးက ဖတ်ကြားပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်  လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ မြစည်မဟာစည်သာသနာ့ရိပ်သာ၏ လက်ထောက်ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒ က ဂုဏဝိသိဋ္ဌ၊ထုတိဝေဒလ္လဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီးနောက်  အစိုးရအဖွဲ့ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြစည်မဟာစည်ဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဝိစက္ခဏထံမှ  ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာတရားနာကြား၍ အခမ်းအနားအား “နမောတဿ”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


Read More...
15-May-2023
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဘေးရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံအားပေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပစ္စည်းများစုဆောင်းထားရှိမှု၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်၊ ကယ်ဆယ်ရေးလှေများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ကမ်းခြေဒေသများသာမက ကုန်းတွင်းဒေသ များအတွက်ပါ အသင့်ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ အရန်ဆက်သွယ်ရေးစနစ်များအား အနီးဆုံးဖြန့်ကျက်ထားရန်လည်းလိုပါကြောင်း၊မုန်တိုင်းသတိပေးချက်အား အနီရောင်အဆင့် သတ်မှတ်ထားပြီးဖြစ်၍ ပေါ့ဆ၍မရပါကြောင်း၊ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ကွပ်ကဲမှုရုံးများ အနေဖြင့် မုန်တိုင်းအန္တရာယ်မကျရောက်နိုင်မည့်နေရာဖြစ်စေရန်နှင့်စားရေရိက္ခာများ အမိုးအကာများအောက် စနစ်တကျထားရှိရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၊ ဘေးလွတ်ရာနေရာများသို့ ပြည်သူများကြိုတင်ရွှေ့ပြောင်းနေမှုအား စနစ်တကျမှတ်တမ်းများ ကောက်ယူထားရှိရန်လိုပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ဘောမိကျေးရွာရှိဆိုင်ကလုန်းရှယ်တာရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ ဂျိုင်လယ်ကျေးရွာ၊ဘုရားတောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဘဝတစ်ခုဘောဇနသုခဝိဟာရကျောင်းဆောင်နှင့် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံတို့၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်းဆောင်ရွက်ပေးထားပါကြောင်းနှင့် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားထားကြောင်း အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


Read More...
13-May-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံးများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသည့် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးသို့ သွားရောက်ခဲ့ပြီး မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေဆုံခဲ့ကာ မုန်တိုင်းဦးတည်ရာလမ်းကြောင်းနှင့်အန္တရာယ်ကျရောက်နိုင်မှုအခြေအနေများနှင့် ထိခိုက်ပျက်စီးမှု မရှိစေရေး ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအား ရပ်ကျေးအဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး မြေပြင်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊ အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့သည် ထို့နောက် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး အနေကဇာဆောင်တွင် မုန်တိုင်းရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်၊ လိုအပ်သည်များအား ရေတပ်စခန်းဌါနချုပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ကူညီဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့ပြီး ရင်ပြင်တော်အတက်လှေကားဆောက်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ မိုးမကျမီပြီးစေရေး၊ ဆောက်လုပ်ရေသုံးပစ္စည်းများ အမိုးအကာများအောင်တွင်လုံခြုံစွာထားရှိစေရေးမှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများအားတွေ့ဆုံအားပေးခဲ့ကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးခဲ့ပြီး မုန်တိုင်းရှောင်ပြည်သူများအား စားသောက်နေထိုင်ရေးကိစ္စများ အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
12-May-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်၌ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာရှိ ဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်သို့ သွားရောက်၍ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်အားဖူးမြှော်၍  မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ မုန်တိုင်းရှောင် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊အမှတ်(၃)ရပ်ကွက်ရှိ ဆိုဂ်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရေးပြင်ဆင်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကလုန်းရှယ်တာနှင့်ဘုန်း​တော်ကြီး​ကျောင်းများတွင်မုန်တိုင်း​ရှောင်​ရောက်ရှိလာကြသူများအတွက်စား​သောက်မှုအဆင်​ပြေစေရေးဆောင်ရွက်​ပေးရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
11-May-2023
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံံ့ဆောင်ရွက်ပေးနိုင်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊  ခရိုင်အလိုက်ကြိုတင်ပြောင်းရွှေ့ရန်လိုအပ်သည့်နေရာဒေသများသို့ ရှေ့ပြေးအဖွဲ့များ စေလွှတ်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာနေရာများသို့ ရောက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ စဉ်ဆက်မပြက်တင်ပြပေးရန်လိုပါကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသများရှိ ပြည်သူများကြိုတင်ပြောင်းရွှေ့ပေးထားကြရမှာဖြစ်ပြီး တစ်ပါးထိုင်ဘုန်းတော်ကြီးကျောင်းများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များဦးစားပေးပြောင်းရွှေ့ထားရန်လိုပါကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်နှင့် မုန်တိုင်းနှင််ပတ်သက်သည့် ထိခိုက်ပျက်စီးမှုများအားမှတ်တမ်းထားရှိဆောင်ရွက်ရန်”ပြောကြားခဲ့သည်။


Read More...
11-May-2023
2025 Ayeyarwady Division