နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချ ကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကြည့်ရှုအားပေး၊ ကျုံတိုင်းကြီးကျေးရွာ ငါးေမွးမြူေရးကန် ကြည့်ရှုစစ်ဆေး၊ ဓနုဖြူမြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်း (၅)ဧကတွင် ဆင်းသုခစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၅၇) စက်မှုလယ်ယာစခန်း(ပန်းတနော်)မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတောင်သူ၏ လယ်မြေတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
12-Jul-2024