ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့၊ ရွာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဟင်္သါတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီးရှိ ဖြတ်တာ(၁-ဂ)နှင့် ဖြတ်တာ(၁-င) တာဝိုင်းအတွင်း ရေသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးမှဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာ (၁-ဂ) သည် ဧရာဝတီမြစ် ကမ်းပြိုကမ်းစားရာတွင်ပါဝင်သွားနိုင်သဖြင့် ၎င်း၏ နောက်ဘက်မှ ဖြတ်တာ(၁-င) ကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်၄၄ပေ အထက်ကျော်လွန်ရောက်ရှိလာပြီဖြစ်သဖြင့် ဖြတ်တာ (၁-ဂ)၏ ရှေ့ဘက်တွင် ကမ်းပြိုမှုဖြစ်ပွား နေပြီး မြစ်ရေအရှိန်ဖြင့် တိုးဝင်ခြင်းမရှိစေရန် တာဝိုင်းအတွင်းသို့ ဆိုင်ဖွန်ပိုက် ၅ ခု ဖြင့် ရေကြိုတင်ဖြည့်သွင်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
Read More...
15-Jul-2024