ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါ အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
13-Jul-2025