ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဆရာတော်အရှင်သူမြတ်များအားပင့်ဖိတတ်ကာ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားများကို နှစ်စဉ်ဝါတွင်းကာလရောက်ရှိတိုင်း အစဉ်အလာမပျက်ကျင်းပခဲ့ရာ ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်ကျော်( ၈ )ရက်၊ ယနေ့နံနက်တွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြသည်။
Read More...
17-Jul-2025