တိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်အမျိုးသားအသင်းအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်သင်တန်းများကို တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး၊ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ရေးကိစ္စရပ်များကိုလည်း တက္ကသိုလ်များမှပါမောက္ခများ အခြေခံပညာမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း
Read More...
29-Oct-2024