ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲအတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းသို့ လှည့်လည်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ဌာနဆိုင်ရာအသီးသီးမှ ပို့ဆောင်ကြသည့် ပဒေသာပင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ ပို့ဆောင်သည့် ပဒေသာပင်များအား ပုသိမ်မြို့အတွင်းသို့ လှည့်လည်ခြင်းကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မှ စတင်ကာ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလမ်း၊ ပုသိမ်-မုံရွာလမ်းမကြီးတစ်လျောက် ဖျော်ဖြေရေးအဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းေဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
Read More...
12-Nov-2024