ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ ပညာပျိုးပင်စာကြည့်တိုက်ဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာတွင်  မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့် သိန်း(၁၅၀)၊ အလှူရှင်မှလှူဒါန်းငွေ(၄၂)သိန်း၊ စုစုပေါင်း ကျပ် (၁၉၂) သိန်း ဖြင့် ဆောက်လုပ်သည့် “ပညာပျိုးပင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 


Read More...
17-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ သခင်ယေရှု ခရစ်တော်ဘုရား၏ မွေးနေ့တော်အကြို ဝတ်ပြုကိုးကွယ်ခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။


Read More...
17-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်များသို့ကွင်းဆင်း၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း မြို့နယ်များရှိ စိုက်ပျိုးဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အတွင်းရှိ မြို့နယ်များတွင် တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အချိန်မီဆောင်ရွက်သွားကြရန်၊ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်" မှာကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီစိုက်ပျိုးပြီးစီးရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


Read More...
16-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ စက်မှုလယ်ယာစံပြ စနစ်ကျလယ်ယာမြေဧက(၁၀၀) တွင် ဒုတိယသီးနှံ ကွင်းပိတ်စိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး နွေစပါး နယူးဧရာ(၁)စပ်မျိုးစပါး ပျိုးထောင်၍ ကောက်စိုက်သမများနှင့်စနစ်တကျစိုက်ပျိုးခြင်း၊ လက်စွဲ ကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ( Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် စပါးခွံမြေဆွေးနှင့် ဓါတ်မြေဩဇာအချိုးကျ ရောစပ်၍ စုပေါင်း မြေဩဇာကြဲပတ် နေမှုများနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ 


Read More...
14-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦးသစ်ဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း၌ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပသည့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သည့် ”အောင်ချမ်းသာ” ကျေးရွာစာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။


Read More...
14-Dec-2024
2025 Ayeyarwady Division