ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ အနု​မောဒနာတရား​တော်များ နာယူကြည်ညို၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူ၊ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ စေတီတော်ကြီး အာရုံခံတန်စောင်း ဆောက်လုပ်နေမှုများနှင့် ကျောက်စီလှိုင်းကာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ တရားတော်နာပရိတ်သတ်များသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်ဘုရားရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ အနု​မောဒနာတရား​တော်များ နာယူကြည်ညိုခဲ့ကြပါသည်။ 


Read More...
26-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင် နုန်းတားကျောက်စီလှိုင်းကာဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၅.၁၂.၂၀၂၄)နေ့ညနေပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေများနှင့် နုန်းတားကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့် ဟိုင်းကြီးချောင်းဝတွင် နုန်းအနည်အနှစ်များကျရောက်မှုကို တားဆီးပေးနိုင်မည့်အ​ခြေအ​နေများ၊ ဟိုင်းကြီးချောင်းအတွင်း အဝင်အထွက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့် အချိန်မရွေး သွားလာနိုင်မည့်အ​ခြေ​အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
26-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ပွဲတက်ရောက်
ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


Read More...
24-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများလှည့်လည်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြို့နယ်၊ မြို့၊ ရပ်ကွက် ကျေးရွာ များအတွင်း သန့်ရှင်းသာယာစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ရာ ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နဝရတ်လမ်း၌ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ မဉ္ဇူဆောင်နှင့် သပြေဆောင်တို့တွင် ဌာနဆိုင်ရာများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အဆောင်များ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေသော တက္ကသိုလ်ကြီးဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 


Read More...
21-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲခဲ့ကြသည်။


Read More...
21-Dec-2024
2025 Ayeyarwady Division