ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဒေါ့ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


Read More...
18-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓာန နာယက "သဒ္ဓမဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲတက်ရောက်၊ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတွင် သဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဩသဓ၏ ဂုဏဝိသိဋ္ဌပူဇာဂုဏ်ပြုပူဇော်ပွဲအား ယနေ့နံနက်ပိုင်းက တကုန်းကြီးကျေးရွာ ဝိသုဒ္ဓါရုံကျောင်းတိုက်တွင်ကျင်းပ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူဒါယိကာ၊ ဒါယိကာမများ တက်ရောက် ဂုဏ်ပြုပူဇော်ခဲ့ကြသည်။


Read More...
17-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်အတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့များရှိ စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေး၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့များရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
16-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး 
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့တွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်သာယာ၍ ရပ်ကွက်တွင်းနေပြည်သူများ သွားလာမှုလွယ်ကူစေရန်ရည်ရွယ်၍ ကန်ကြီးထောင့်မြို့၊ အမှတ်(၃)ရပ်ကွက် ဆင်ဖြူရှင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆင်ဖြူရှင်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအားပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


Read More...
15-Mar-2025
2025 Ayeyarwady Division