ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငရုပ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ်ကောင်းအခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့သွားရောက်၍ တာဝန်ရှိသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရေးဝိုင်းဝန်း စောင့်ရှောက်ကြရန်၊ မေးခွန်းများသယ်ဆောင်ရာတွင် လုံခြုံမှုရှိရေးနှင့် ထိန်းသိမ်းစောင့်ရှောက် မှုများ အလေးထားဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန်နှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးမှာကြားကာ သင်္ချာ ဘာသာရပ်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။
Read More...
19-Mar-2025