ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ သပြေခန်းမဆောင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော မြန်အောင်မြို့နယ်ရှိ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ သပြေကုန်းကျေးရွာအုပ်စု၊ ညောင်တေးကျေးရွာနှင့် ငှက်ပျောတောကျေးရွာများမှ နေအိမ်များ ပျက်စီးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
Read More...
30-Apr-2018