ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုနှင့် ညောင်ချောင်းလေးကျေးရွာအုပ်စုတို့ ထိစပ်လျက်ရှိသော ပမ္မဝတီမြစ်အတွင်း လက်ရှိကူးတို့ဆိပ်နေရာ၌ ဇက်ဆိပ်ချဉ်းကပ်လမ်းတည်ဆောက်နေမှု၊ ဇက်ဆိပ်ရေဆင်းလမ်း ကွန်ကရစ်ခင်းနေမှုများကို ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၃.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ခြံကွင်းကျေးရွာသို့ သွားရောက်၍ မြောင်းမြမြို့၊ မြောင်းမြကြိုးတံတားပျက်ကျခဲ့ခြင်းကြောင့် မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်စီဆင်းမှုတို့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုနှင့် ညောင်ချောင်းလေးကျေးရွာအုပ်စုတို့ ထိစပ်လျက်ရှိသော ပမ္မဝတီမြစ်အတွင်း လက်ရှိကူးတို့ဆိပ်နေရာ၌ ဇက်ဆိပ်ဆောက်လုပ်သွားမည်ဖြစ်သဖြင့် အဆိုပါကျေးရွာ (၂)ရွာရှိ ဇက်ဆိပ်ချဉ်းကပ်လမ်းတည်ဆောက်နေမှု၊ ဇက်ဆိပ်ရေဆင်းလမ်း ကွန်ကရစ်ခင်းနေမှုများကို ကြည့်ရှုခဲ့ပါသည်။
Read More...
03-May-2018