ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်ကြီးသို့ ရောက်ရှိ၍ ဇေယျသေနနဂါးမင်းအား နဂါးစာကျွေးခြင်း ပြုလုပ်ခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာတော်သံဃာတော်ရှင်မြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ၊ ပြည်သူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်ကြီးသို့ (၁၉ .၂.၂၀၁၉)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် ရောက်ရှိ၍ ဇေယျသေနနဂါးမင်းအား နဂါးစာကျွေးခြင်း ပြုလုပ်ခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီးနောက်


Read More...
22-Feb-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကန်သာယာကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၇၀၀)နာရီအချိန်တွင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကန်သာယာကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ကာ နိုင်ငံတော်သမ္မတမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲဆုရရှိသူများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


Read More...
22-Feb-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၅၀ - ၂၅၁)၊ ဧရိယာ (၂၁၉.၈၈)ဧက၊ တောင်သူဦးရေ (၄၈)ဦး၊ ကွန်ချောင်းဆည် ရေသောက်လယ်ဧက (၂၂၀)၊ စံပြစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှု
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးသည်လည်း အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ အစိုးရသစ်လက်ထက်တွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် လူနေမှုဘဝမြှင့်တင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။


Read More...
22-Feb-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျင်းပပြုလုပ်သည့် လေးမျက်နှာ-ခတ္တူ- ပန်းတောကြီး လမ်းပေါ်ရှိငဝန်တံတား (လေးမျက်နှာ)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃.၂.၂၀၁၉)ရက်နေ့တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျင်းပပြုလုပ်သည့် လေးမျက်နှာ-ခတ္တူ- ပန်းတောကြီး လမ်းပေါ်ရှိငဝန်တံတား (လေးမျက်နှာ)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။


Read More...
22-Feb-2019
Economic Potentials in Ayeyarwady Region
Economic Potentials in Ayeyarwady Region


Read More...
29-Jan-2019
2025 Ayeyarwady Division