ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပပဝတီကွက်သစ်၊ အကွက်အမှတ်(၃၃၈၊၃၃၉)ရှိ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးဝန်း ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအ‌ဖွဲ့ နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူတည်‌ဆောက်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးတို့မှ သတ်မှတ်နေရာများ၌ နေရာယူ၍ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးပြီးနောက် အခမ်းအနားအားဆက်လက် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရုံး (၄၀‌ပေx ၄၅ပေ) RC ၃ ထပ် နှင့် ဝန်ထမ်းအိမ်ရာ (၃၀ပေx၄၀‌ပေ) ၂ ခန်းတွဲ RC ၄ ထပ် အား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရုံးဝန်းအတွင်းမှာဘဲ ရုံးနဲ့ အိမ်ရာ တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဝန်ထမ်းများ ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ ကုမ္ပဏီမှ တာဝန်ရှိသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ မိမိတို့ရုံးနဲ့အိမ်ရာအဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မိမိရုံး၊ မိမိအိမ်ရာဝန်းကျင် သန့်ရှင်းသာယာရေး စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းကောက်ယူရေးကော်မတီအနေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကို ပထမအကြိမ် ကွင်းဆင်းကောက်ယူခဲ့ပြီး အစီရင်ခံစာအား မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒုတိယအကြိမ်က‌ေလးအလုပ်သမား ပပျောက်ရေး စစ်တမ်းကို ကွင်းဆင်းကောက်ယူရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၃၀.၆.၂၀၂၂ရက်နေ့မှာ ပြီးစီးခဲ့ကြောင်း၊ အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ညွှန်းကိန်းများ၊  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်းကိန်းများ နှင့်အခြားသော စစ်တမ်းတွေ၊ စာရင်းအင်းတွေ ကောက်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ ညွှန်းကိန်းများဖြစ်တဲ့ စားသုံးသူဈေးဆနှုန်း(CPI)နဲ့ ငွေကြေးဖောင်းပွမှုနှုန်း(inflation)တို့ကိုတွက်ချက်တင်ပြရာမှာလည်း ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ဖို့လို့ကြောင်း၊ မွေးဖွားမှု သေဆုံးမှုနဲ့ အခြားသောစစ်တမ်းတွေ ကောက်ယူရာမှာ မြေပြင်ကိန်းဂဏန်းမှန်ကန်‌စေရန် အတွက် မြေပြင်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အဆောက်အဦဆိုင်ရာ အချက်အလက်များအား တိုင်းဒေသကြီးတာဝန်ခံ ဒေါ်ဆွေဆွေမြင့်က Power Pointဖြင့် ရှင်းလင်းတင်ပြပြီးနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ Royal Ayar Creative & Construction Co.Ltdမှ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့်အိမ်ရာအဆောက်အဦဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး တာဝန်ယူတည်ဆောက်ခဲ့သည့်ကုမ္ပဏီများအား ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင်  တိုင်းဒေသကြီးအတွင်း လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


Read More...
24-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကိုအချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ကျုံပျော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ ရှေးဦးစွာ ကျောင်းကုန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။  အလားတူ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ရေကြည်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ကျောင်းအုပ်ကြီးများတွေ့ဆုံခဲ့ကာ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများတိုးတက်ကောင်းမွန်လာစေရေးလေ့လာဆွေးနွေးနိုင်တဲ့အတွက် များစွာအကျိုးရှိပါကြောင်း၊ မိမိတို့ကျောင်းများတွင်ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များ၊ မူဝါဒများနှင့်ကိုက်ညီအောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် လိုအပ်သည်များဖြည်းဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအုပ်ကြီးများအနဖြင့် မိမိတို့ကျောင်း၏ လိုအပ်ချက်များကိုလည်း တစ်ပါတည်းတင်ပြပေးစေလိုကြောင်းနှင့် တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားစေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ငါးသိုင်းချောင်းမြို့ရှိ ဝင်းဧရာဝါးတူစက်ရုံနှင့်  Aung Family သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုး လက်မှုပစ္စည်းအရောင်းဆိုင်နှင့် ရေကြည်မြို့ရှိ ဒေါ်အေးနံ့သာ ကြိမ်အချောထည်လုပ်ငန်းများသို့သွားရောက်၍ ဝါးတူထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချနေမှု၊ သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုးတို့ဖြင့်ပြုလုပ်သည့် ဖိနပ်၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ခမောက်၊ ဦးထုတ်၊ခြင်း၊ တစ်ရှုးဘောက်၊ အလှပန်းအိုးထုတ်လုပ်ရောင်းချမှုအခြေအနေများ၊ ကြိမ်ဖြင့် အပူခံပြား၊ တစ်ရှူးဘောက်၊ခြင်း၊ထိုင်ခုံ၊ ပန်းအိုးများပြည်တွင်းပြည်ပဈေးကွက်များသို့ ထုတ်လုပ်ရောင်းချနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းများအသုံးပြုမှု၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေများကိုမေးမြန်းခဲ့ပြီး လုပ်ငန်းမျတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ လက်မှုပစ္စည်းများ ဆန်းသစ်တီထွင်ဆောင်ရွက်စေရေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ ကံကလေး(ပုသိမ်-မုံရွာ)လမ်း မိုင် ၁၉/၅၂၊ ဟင်္သာတ-နိဗ္ဗာန် သောင်ကြီး ကျုံပျော် ရေကြည် လမ်းမိုင် ၁၄/၀ ဆုံသည့်နေရာ Junction အား လမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။


Read More...
23-Oct-2022
ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသူများတတ်ရောက်ကြပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ တိုင်းဒေသကြီး၏ စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံးဖိတ်ကြားထားပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)မှ  စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်ကြမ်းများအားအသုံးပြု၍ အရည်အသွေးပြည့်မီသည့်ကုန်ချောများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးမိရိုးဖလာစိုက်ပျိုးမှုများအပြင်သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များအသုံးပြု၍ Eating Quality ပြည့်မီသည့် အရည်အသွေးပြည့်ဆန်များထုတ်လုပ်နိုင်ပြီး ပြည်တွင်း၊ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်သားငါးထုတ်လုပ်နိုင်မှုတွင်လည်းတိုင်းဒေသကြီးအနေဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊မြစ်ချောင်းအင်းအိုင်များ၊ မွေးမြူရေးကန်များဖြင့် စနစ်တကျမွေးမြူခြင်း၊ နိုးစားနွား၊ အသားတိုးနွားများစနစ်တကျမွေးမြူခြင်း၊အသားတိုးဝက်စနစ်တကျမွေးမြူခြင်း၊ ဥစားကြက်၊အသားစားကြက်များစနစ်တကျမွေးမြူခြင်းစသည့်လုပ်ငန်းများဖြင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထင်းအစားထိုးလောင်စာ၊ စပါးခွံသုံးလောင်စာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောက်ရွက်ရန်လိုပါကြောင်း၊ဆင့်မြင့်စက်ရုံ၊ အလုပ်ရုံများ စနစ်တကျလည်ပတ်ဆောင်ရွက်နိုင်စေရေး ခရိုင်အလိုက် စက်မှုဇုန်များတည်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းစိုက်ပျိုးခြင်းများအပြင် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက် ဖွဲနုဆီစက်များလည်ပတ်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ One Region One Product ထုတ်လုပ်နိုင်ရေး အရည်အသွေးမြင့်ကုန်ထုတ်လုပ်ငန်းများဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံကို ဆွေးနွေးပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဌာနဆိုင်ရာများနှင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာကြသူများက တိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


Read More...
23-Oct-2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
 အလုပ်ရုံဆွေးနွေးပွဲများ၊ ဆင့်ပွားသင်တန်းများပို့ချနိုင်ခြင်းသည် အကျိုးသက်ရောက်မှုများပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြရမည့် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံကိန်းရေးဆွဲရေးဆိုင်ရာများအား လက်တွေ့ကျကျဆွေးနွေး၍ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး၊ လက်တွေ့အသုံးချနိုင်ရေးဆွေးနွေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက် ပညာနှစ်အစမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်စေရေး ဆရာ၊ဆရာမများ၏ အဓိကတာဝန်များဖြစ်ပါကြောင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအဘက်ဘက်မှ ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ၊ဆရာကြီးဆရာမကြီးများအနေဖြင့် တိုင်းဒေသကြီးပညာရေးကဏ္ဍတိုးတက်မြင့်မားစေရေး၊ အသိပညာအတတ်ပညာနှင့်ပြည့်စုံတဲ့ အနာဂတ်ခေါင်းဆောင် လူငယ်လူရွယ်များမွေးထုတ်ပေးနိုင်ရေးကြိုးစားကြရန်ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးမှ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမ(၂၉၄)ဦးတို့တက်ရောက်ဆွေးနွေးကြရမှာဖြစ်ကာ အောက်တိုဘာ ၂၂ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ကာ ကျောင်းသားကျောင်းသူများနှင့်တွေဆုံ၍ အားပေး စကားများပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲတက်ရောက်နေသည့် ကန်ကြီးထောင့်မြို့နယ်ရှိ မူလတန်းကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ စနစ်တကျသင်ကြားစေရေး၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေးနှင့် အောင်ချက်မြင့်မားစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ပြင်ပစာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ယခုလ ၁၅ ရက်နေ့မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အချိန်ပိုသင်ကြားပို့ချလျက်ရှိရာ  ကျောင်းပေါင်း (၁၂၃)ကျောင်းတွင် ပြင်ပဖြေကျောင်းသားကျောင်းသူ (၃၂၃၃)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသတင်းရရှိသည်။


Read More...
22-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ငန်းများကွင်းဆင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ ၂၁ ရက် နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဦးစွာ မအူပင်မြို့နယ်၊ ခတ္ထိယကျေးရွာရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်ခဲ့ပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီမန်နေဂျာမှ အအေးခန်းစက်ရုံ၊ နို့စားနွားမွေးမြူမှု၊ နွားနို့၊ ဒိန်ချဉ်ထုတ်လုပ်မှု၊ သဘာဝမြသြဇာထုတ်မှု၊ ပိုးရည်ထုတ်လုပ်မှု၊ ငါးတန်၊ ငါးခြောက်နှင့် ငံပြာရည်ထုတ်လုပ်မှုနှင့် ငါးချဉ်၊ငါးခြစ်ထုတ်လုပ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး အအေးခန်းစက်ရုံထုတ်ကုန်များ၊ Lactobacillusပိုးမွေးမြူ၍ အကျိုးပြု (Probiotic)ပိုးရည်ထုတ်လုပ်မှု၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားနို့ထုတ်လုပ်မှု၊ ငါးမြစ်ချင်း၊ ငါးတန်မွေးမြူထားရှိမှုနှင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ကုန်များပိုမိုထုတ်လုပ်၍ ပြည်တွင်းပြည်ပစျေးကွက်များသို့ ပို့ဆောင်နိုင်ရေး၊ ထုတ်ပိုးမှုစနစ်များသေသပ်စေရေးမှာကြားခဲ့ပါသည်။ အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီတွင် ငါးမွေးမြူရေးအားငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွများမွေးမြူထားရှိပြီး တစ်လလျှင် ပိဿာချိန် ၂ သိန်းခန့်စျေးကွက်သို့တင်ပို့ရောင်းချလျှက်ရှိပြီး နွားခြံတွင် နွားထီး ၁၁၅ကောင်၊ နွားမ ၃၇၉ကောင်၊ နွားပေါက် ၁၄၄ဖြင့်ကောင်စုစုပေါင်း ၆၃၈ကောင်မွေးမြူထားရှိပြီး နို့ပေးနွားမများမှ နေ့စဉ် နွားနို့ပိဿာချိန် ၇၅၀ခန့်ထွက်ရှိ၍ ထိန်ချဉ်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းနှင့် နေဗီယာမြက် ဧက၇၀ ခန့် စိုက်ပျိုးထားရှိပြီး ပျိုးပင်များရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ ဆက်လက်၍ မလက်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာရှိ ORCHARD စိုက်ပျိုးမွေးမြူရေး စီမံကိန်းသို့ရောက်ရှိခဲ့ပြီး မွေးမြူရေးကန်များအတွင်း နှစ်ချို့ ငါးကြင်း၊ ငါးခေါင်းပွ၊ မြတ်စားငါးကြင်း၊  ငါးကြင်းဖြူငါးများမွေးမြူထားရှိမှု ဝါးစိုက်ပျိုးထားရှိမှုနှင့်ဈေးကွက်ရရှိမှု၊ငါးအမိုင်နို အခြေခံသဘာဝအားဆေး အသုံးပြု၍ သီးပင်စားပင်များ စိုက်ပျိုးဖြစ်ထွန်းမှု၊ ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းများ ကုန်ချောထုတ်လုပ်ထားရှိမှု၊ EMနှင့် ဖွဲနုအသုံးပြု၍ငါးအစာ (မြက်ချဉ်ဖက်နှင့် မြက်ပဲပင်ပေါက်) ပြုလုပ်ထားရှိမှုနှင့် ဝါးမှတစ်ဆင့် ဝါးတူထုတ်လုပ်ပုံအဆင့်ဆင့်အား Orchard co.ltd မှ Dr မြင့်စိန်က ရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။  ထို့နောက် ရွှေနဂါးမင်း Manufacturing Co.Ltd သို့သွားရောက်ခဲ့ရာ ကုမ္ပဏီမန်နေဂျာမှ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ၂၀၂၃မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧက ၁ သိန်းအား ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်လုပ်နိုင်ရေး စိုက်ပျိုးထားရှိသည့် လမ်းဘေးဝဲယာပိုက်ဆံလျှော်စိုက်ခင်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်ပြည့်မီစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက်ရှိ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးထားရှိသည့် ဦးကျော်ဇောလင်း၏ ဆင်းသုခ စပါး စံကွက်ရိတ်သိမ်းပွဲတက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေ‌ လှေ့စက်ဖြင့် ရိတ်သိမ်း‌ေခြွလှေ့ခဲ့ရာ တစ်ဧကလျှင် အသားတင်စပါးတင်း၁၄၀ ထွက်ရှိမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) သဘာဝမြေသြဇာအား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးတောင်သူများထံအသိပညာပေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ရန်မှာကြားခဲ့ကာ ဆားမလောက်‌ေကျးရွာအုပ်စုနည်းပညာပြန့်ပွားရေးစင်တာတွင် ညောင်တုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၅)စု၏နေကြာ စိုက်ဧက ၁၉၂၀ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး‌နောက် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ) ဖြစ်ထွန်းအေဘာင်မြင်စေရေးကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးဧက ၃၇သိန်းကျော်စိုက်ပျိုးထားရှိပြီး ယနေ့အထိဧက (၂) သိန်းကျော်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းသိရှိရပါသည်။


Read More...
21-Oct-2022
2025 Ayeyarwady Division