ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့ အခြေခံပညာအထက်တန်း ကျောင်းသား ကျောင်းသူဟောင်းများ၏ (၃၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူဟောင်းများ၏ (၃၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားအား တက်ရောက်ပူ‌ဇော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။ ဦးစွာ အာစရိယပူဇော်ပွဲ အခမ်းအနားအား ကျောင်းသား၊ကျောင်းသူဟောင်းနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့် ပူဇော်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်နှစ် ဆရာကန်တော့ပွဲ၌ ဆရာကြီး ဆရာမကြီးများ၏ မိန့်မှာချက်အရ အငြိမ်းစား ‌ဆရာကြီး ဆရာမကြီးများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးနိုင်ရန် ရည်မှန်းချက်ထားကာ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ယခုနှစ်ပြုလုပ်သည့် အာစရိယပူဇော်ပွဲတွင် ဆေးဝါးကုသစရိတ် ဆေးပဒေသာပင်ပါ စိုက်ထူနိုင်ခဲ့သည့် အောင်ပွဲလည်းဖြစ်ပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများသည် မိမိတို့၏ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများဖြစ်ပြီး တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊မသိတာ‌တွေသိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊မလိမ္မာသည်များကို လိမ္မာအောင်၊မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး အများအကျိုးကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ အနန္တော၊ အနန္တဂိုင်းဝင်ဆရာကြီး၊ဆရာမကြီးများပင်ဖြစ်ပါကြောင်း၊ယနေ့တွင် ဆရာကြီး၊ဆရာမကြီးများအား တစ်စုတစ်စည်းထဲ ပူဇော်ကန်တော့ခွင့်ရသည့်အတွက် အတိုင်းမသိဝမ်းသာပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများ မျိုးစေ့ချပေးခဲ့သည် ရေကြည်မြို့ကျောင်းသား၊ကျောင်းသူဟောင်းများက စုပေါင်း၍ နှစ်စဉ် အစဉ်အလာမပျက် ကန်တော့ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူရပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများ၏ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုအား အပြည့်အဝပေးနိုင်မည့် တပည့်များဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ပါကြောင်း”ဝမ်းမြောက်နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ဆရာကြီး၊ဆရာမကြီးများအတွက် ဆေးပဒေသာပင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးကလည်းကောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း၊ အလှူရှင်များကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကာ အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကျောင်းသား၊ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ကျိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ဆရာမကြီးများအား စုပေါင်းကန်တော့ခဲ့ပြီးနောက် အပူဇော်ခံဆရာကြီးသုံးဦးနှင့် ဆရာမကြီးတစ်ဦးက ဆုံးမစကားများပြောကြားသည်။ဆက်လက်၍ အပူဇော်ခံဆရာကြီး တစ်ဦးနှင့်အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌတို့က ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး “ကျောင်းဆရာ”သီချင်းအား သံပြိုင်သီဆို၍ အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကာ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


Read More...
17-Nov-2022
(၁‌၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ကျောင်းကြီးလမ်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းရှေ့မုခ်ဦးတွင်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ငါးသိုင်းချောင်းမြို့၏ မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရာ အထက်တန်းကျောင်းသို့သွားသည့်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ကျောင်းတော်ကြီး၌ ပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ သွားမည့်လမ်းအား  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၆၉၀'×၁၅'×၈'')ရှိ ကွန်ကရစ်လမ်းအား ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျောင်းသာကျောင်းသူများနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်းလိုပါကြောင်း"အမှာစကားပြောကြားသည်။ ဆက်လက်၍ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် (အ.ထ.က)ငါးသိုင်းချောင်း၏ ကျောင်းအကျိုးတော်ဆောင် အဖွဲ့အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။ ယင်းနောက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
17-Nov-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၈ ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၂ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ( ၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့်အသင်းနည်းပြ၊ အုပ်ချုပ်သူများတက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိတဲ့ ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီးဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအနေဖြင့်အားကစားသမားကောင်း ပီသစွာယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ "ခွန်အားနဲ့ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု" ဖြစ်ရာ ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ကြောင်း၊ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာလည်း ပြိုင်ဘက်အသင်းအား သည်းခံမှု၊ စိတ်ရှည်မှု၊နားလည်မှုရှိပြီး ယှဉ်ပြိုင်ကြရန်လိုအပ်ပါကြောင်း၊ အသင်းများကို အုပ်ချုပ်လိုက်ပါလာကြတဲ့ အုပ်ချုပ်သူများ၊ နည်းပြများအနေနဲ့လည်း  မိမိတို့အုပ်ချုပ်သည့် အားကစားသမားများကို နိုင်နင်းစွာ အုပ်ချုပ် ထိန်းသိမ်းနိုင်ရမှာဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ အဆင့်တွင် အဆင့် ၅ နေရာ ရပ်တည်လျက်ရှိပြီး အမျိုးသမီးအားကစားသမားများ၏ စွမ်းဆောင်နိုင်မှုသည် ၆၀ ရာခိုင်နှုန်း အောင်မြင်မှုရရှိနေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ယခုပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း ဆုံးဖြတ်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး  ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြသည့်  ကျုံပျော်ခရိုင်အသင်းနှင့်မြန်အောင်ခရိုင်တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ယခုလ(၁၆ )ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှပြိုင်ပွဲအသင်း(၈)သင်းက ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။


Read More...
16-Nov-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ပုသိမ်မြို့၌ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းလှည့်လည်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်ကာစီ တန်းလှည့်လည်ခဲ့ကြပြီး မြို့ပေါ်ရှိဌာနဆိုင်ရာအသီးသီးမှလာရောက်ပို့ဆောင်ကြသည့်ပဒေသာပင်များနှင့်ရပ်ကွက်နေပြည်သူများမှလာရောက်ပို့ဆောင်သည့်ပဒေသာပင်စုစုပေါင်း(၈၃)ခုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကုန်သည်လမ်းတလျှောက်နှင့်ကမ်းနားလမ်း၊ မကျည်းပင်တန်းလမ်း၊မင်းကြီးလမ်း၊တံတားကြီးတန်းလမ်းတို့မှ ပုသိမ်မြို့သာသနာ့ဗိမာန်တော်ကြီးသို့ စနစ်တကျပို့ဆောင်ခဲ့ကြသည်။ ဆက်လက်၍  စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိသုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့် စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ အရိယဉာဏ၊သာသနဓဇဓမ္မာစရိယ၊ MA.Ph.D (India) အရှင်သူမြတ်ကမေး၍(ကထိနဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူခဲ့ပြီး ဧည့်ပရိတ်သတ်များက နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှ ထတော်မူကြသည့် သံဃာတော်များကိုယ်စား  ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသုတ မဟာထေရ်မြတ်ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ပဒေသာပင် ၈၃ခု ပစ္စည်းနှင့်ငွေသား ပဒေသာပင်တန်ဖိုး( ၃‌၆,၉၃၅,၄၅၀) အားကျောင်းတိုက် ၈၃ကျောင်းတိုက်သို့ လှူဒါန်းဆက်ကပ်နိုင်ခဲ့ကြောင်းသိရသည်။


Read More...
05-Nov-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ ၂ ရက်နေ့က သာပေါင်းမြို့ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သာပေါင်းအဆင့်မြင့်စက္ကူစက်ရုံနှင့် သတင်းစာ စက္ကူစက်ရုံသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်းနှင့် စက်ရုံလည်ပတ်ပါက ကုန်ကြမ်းရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ယခင်စက်ရုံ လည်ပတ်စဉ်က လိုအပ်ချက်များဖြစ်သည့် ပျော့ဖတ်ထုတ်လုပ်မည့် ဝါးလိုအပ်ချက်အတွက်  တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကုန်ကြမ်းအခက်အခဲမရှိ ရရှိစေရေးအတွက် စီမံချက်များချမှတ်၍ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပွင့်လင်းကာလကို ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးအား အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း”မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက္ကူစက်ရုံနှင့် သတင်းစာစက္ကူစက်ရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှူးက လည်ပတ်မှုအဆင့်ဆင့်နှင့် ထုတ်လုပ်မှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်းပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်မျာကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Read More...
02-Nov-2022
2025 Ayeyarwady Division