ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျှက် ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြားကွာဟချက် ကျဉ်းမြောင်းစေရေးတို့အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနဲ့ ကျောင်းကုန်း၊ မြောင်းမြ၊ ဒေးဒရဲမြို့နယ်အတွင်းက ကျေးရွာ(၁)ရွာစီမှာ “ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး စီမံကိန်း”ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျေးရွာသူ/သားများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိလာစေပြီး တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းရေး အတွက်လည်း များစွာ အကျိုးကျေးဇူးရရှိစေနိုင်သည့်အပြင် အိမ်သွယ်ရေတိုင်တပ်ဆင်ခြင်း အားဖြင့်လည်း ရေလေလွင့် ဆုံးရှုံးမှုနည်းပါးလာမှာဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ အ​နေဖြင့်အမျိုးသား​ရေးလုပ်ငန်းစဥ် ၂ ရပ် ဖြစ်သည့်တိုင်းပြည်သာယာ၀​ပြော​ရေးနှင့် စား​ရေရိက္ခာဖူလုံ​စေ​ရေးအတွက် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်​ရေး ရန်ပုံ​ငွေဖြင့်​ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​စေ​ရေး နွေစပါးနှင့် ပဲတီစိမ်းစိုက်​ တောင်သူများကို သွင်းအားစုများ​ ထောက်ပံ့​ပေးနိုင်​ရေး​ ဆောင်ရွက်ပေးနေပါ​ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ရိုးပြတ်ကျန် ဧကများပေါ်တွင် နွေစပါး၊ ပဲ၊ ဆီထွက်သီးနှံနေကြာများ ပိုမိုတိုးချဲ့ စိုက်ပျိုးကြရန်၊  မိမိတို့တိုင်းဒေသကြီး စားသုံးဆီဖူလုံမှုရှိစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်" ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က စီမံကိန်းလုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာဒေသခံကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ စီမံကိန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာပက်ဖြန်းပေးခဲ့ကာ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ရေကြည်ဦး ရိပ်သာသို့ရောက်ရှိ၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း  (၂ မိုင် ၇.၂ ဖာလုံ) ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ကျုံပျော်ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးတို့က ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Read More...
23-Nov-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာတွင် ရေဆင်း-၁ စပ်မျိုးနေကြာ သီးသန့်စိုက်ပျိုးခြင်း စံပြကွက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာ၊ တောင်သူ ဦးမင်းစိန်၏ လယ်မြေ ၁၂ ဧကတွင် ရေဆင်း၁ စပ်မျိုးနေကြာ သီးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး နွေစပါး၊ ပဲအမျိုးမျိုး၊ နေကြာ စိုက်ပျိုး ပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးရေရရှိမှုအခြေအနေများ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးမှုအခြေအနေများနှင့် ဓါတ်မြေသြဇာသုံးစွဲမှုအခြေအနေများအား မေးမြန်းခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ လိုအပ်ချက်များတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


Read More...
23-Nov-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများသည် ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ “၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်ရောက်သည့်နေ့တွင် တက္ကသိုလ်၏အင်္ဂါရပ်နှင့် ပိုမိုပြည့်စုံစေရန် Recreation Centreအားဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခင် စာကြည့်တိုက်အဆောက်အဦအား ပြန်လည်ပြုပြင်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် စာပေ၊ ဂီတ၊ အနုပညာ နှင့် အားကစား ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ် များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်လည်း အဆင့်မြင့်ပညာ အဆင့်မှ တိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်များ ပေါ်ထွက်လာရန် ရည်ရွယ်ပါကြောင်း၊  တက္ကသိုလ်ကြီး၏ အရိပ်ကိုခိုလှုံ၍ ပညာဆည်းပူးကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်အသီးသီးကို လေ့လာဆည်းပူးရင်းဖြင့် ဝါသနာပါရာအလိုက် လေ့လာဆည်းပူး သင်ကြားခွင့် ရရှိပြီး ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ်များ ဖြစ်ပါစေကြောင်း "ပြောကြားကာ အဆောက်အဦအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနုပညာအသင်းခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်၌ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာအသင်းဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ် အနုပညာအသင်းသို့  တူရိယာ ပစ္စည်းများ ပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် အနုပညာအသင်းဥက္ကဋ္ဌတို့မှ လက်ခံခဲ့ကြောင်း သိရသည်။


Read More...
21-Nov-2022
(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပ
(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူကြိုရင်သွေးငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၌ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး သကဲ့သို့ အခွင့်အရေးများအပြည့်အဝရရှိအောင် ကာကွယ်စောင့်ရှောက်မှုများလည်း ပြုလုပ်ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းသာမက နိုင်ငံတော်၏ ဦးတည်ချက်များ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၁၇)ရပ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း၊ အာဆီယံသဘောတူညီချက်နှင့် လုပ်ငန်းအစီအစဉ်များ အစရှိသည်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ မူဝါဒများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးကို ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးများ အသက် ရှင်သန်ဖို့၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးသည် အရေးကြီးတဲ့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာကို ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာထဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်၂နှစ်အထိ ကလေးငယ်များ အာဟာရအတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်လည်းပါဝင်ပါကြောင်း၊ ကလေးငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်ထုဆစ် ပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ပြီး နိုင်ငံတော်အတွက် အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနာဂတ်နိုင်ငံကို ပုံဖော်ခြင်းပါကြောင်း၊ ယခုနှစ် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ဆောင်ပုဒ်သည် "အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့" ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကလေးများတွေ့ကြုံ နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း”တိုက်တွန်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ မူလတန်း ကြိုကျောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်ထူကိုယ်ထမူကြိုကျောင်း၊ ပုသိမ်မြို့ ကလေးပြုစုရေးဌာနနှင့် အမှတ်(၁)ရပ်ကွက် မိခင်ဝိုင်းတို့မှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ကလေးငယ်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
18-Nov-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ဆောင်းရာသီ ဆီထွက်သီးနှံ(နေကြာ)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆီထွက်သီးနှံ နေကြာအား တိုးချဲ့စိုက်ပျိုးလျက် ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းကောင်းပြီး ဆီထွက်ရှိမှုနှုန်းကောင်းသည့် နေကြာမျိုးများအား တောင်သူများထံသို့ အချိန်မီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ များကလည်း လိုအပ်သည်များ ပံ့ပိုးညှိနှိုင်း ပေါင်းစပ်ပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အောင်မြင်အောင် စိုက်ပျိုးကြရန် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက်လည်း စီမံပေးထားပါကြောင်း၊ ဆီထွက်သီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီး မိမိတို့တိုင်းဒေသကြီး ဆီဖူလုံမှုရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားပြီး တောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်သည် ။ ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့ကွင်းကျေးရွာအုပ်စုရှိ တောင်သူ (၅)ဉီး၏ လယ်ဧက (၂၀)ဧက၌ ပြုလုပ်သည့် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးစေ့ချပွဲနှင့်ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးကာ နေကြာစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးအောင်ကျော်သိန်း၏  ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ထုတ်စိုက်ခင်း၌ နေကြာစိုက်ပျိုးနေမှုအား ကြည့်ရှုအာပေးသည်။ ထို့နောက် ဝန်ကြီးချုပ်သည် ပုသိမ်(ကံကလေး)-မုံရွာလမ်းမိုင်(၄၄/၆-၄၄/၇) ၁ ဖာလုံနှင့်( ၄၄/၇-၄၅/၂.၅) ၃.၅ ဖာလုံတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းနှင့် လေးမျက်နှာမြို့နယ်၊  ပန်းတောကြီးကျေးရွာအုပ်စု၊ ဆောင်းနေကြာ သီးသန့် စိုက်ဧက (၅၀) အတွက် စိုက်ပျိုးရေ ရရှိရေး မရမ်းချောင်းရိုး ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ အလျား(၁.၂၅)မိုင်၊ ထိပ်ဝအကျယ်(၁၈)ပေ၊ အနက်(၆)ပေ တူးဖော်ခြင်းလုပ်ငန်းများအား  ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ် ကာလအတွင်းလုပ်ငန်းများ ပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်း စေရေး စိုက်ပျိုးရေကိုတောင်သူများအကျိုးရှိရှိ အသုံးချစေရေးတို့အား လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ အုပ်စုရှိ တိုးတက်ကုမ္ပဏီ ရာဘာအစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်းထုတ်လုပ်မှု အဆင့်ဆင့် တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ရာဘာ(၅၆၂)ဧက စိုက်ပျိုးထားရာ ယခုအချိန်တွင် (၃၅၀)ဧကခန့်အား စတင်အစေးခြစ်လျက်ရှိပြီး ရာဘာအစေးပြားများကို နေလှန်းခြင်း၊ မှိုင်းခံခြင်း များပြုလုပ်ပြီး  အရည်အသွေးစစ်ဆေးရွေးချယ်၍ ထုပ်ပိုးခြင်းများ ပြုလုပ်ကာ ရန်ကုန် ဈေးကွက် သို့ ပို့ဆောင်လျက်ရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာ အမှတ်(၁၊၂၊၃၊၄)ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး တို့အားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Read More...
18-Nov-2022
2025 Ayeyarwady Division