ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ပုသိမ်မြို့၌အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကျင်းပ
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားအား ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၃)ဖြင့် ၁၉၉၂ ခုနှစ်မှစ၍ မသန်စွမ်းသူများအား စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြှင့်တင်ရေး တို့ကို ရည်ရွယ်ပြီး နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့ကို ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ချမှတ်ထားသည့်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဖွံ့ဖြိုးဖို့ ဆန်းသစ်တီထွင်အဖြေရှာစို့၊ အားလုံးလက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး”ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်အရ မသန်စွမ်းသူများအနေဖြင့် လူမှု အသိုက်အဝန်းထဲ၌ လူ့ဂုဏ်သိက္ခာရှိရှိ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် မသန်စွမ်းသူများအတွက် ခေတ်မီနည်းပညာများ တီထွင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကိုလေးစားမှုရှိရေးအတွက် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများရဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်းနဲ့အညီ မသန်စွမ်းသူများဥပဒေကို ၂၀၁၅ ခုနှစ် နှင့် နည်းဥပဒေကို ၂၀၁၇ ခုနှစ်တို့ကို  ပြဌာန်းခဲ့ပြီး မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ ကောင်းကျိုးစီးပွား ရရှိရန်နှင့် လူအဖွဲ့အစည်း၌ လူတန်းစေ့ ပါဝင်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်သည့် ပညာ သင်ကြားခွင့်ကို ရရှိဖို့လိုအပ်သည့်အတွက် "လူတိုင်းအကျုံးဝင်ပညာရေး” Inclusive Education ကို ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းကလေးများ အတန်းပညာ သင်ကြားမှု၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုပွင့်လန်းစေခဲ့သည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး လူနေမှုဘဝများ တိုးတက်လာနိုင်သည့်အတွက် ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာ ရပ်တည် နေနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်တွင် မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စများကို ရှုထောင့်အသစ်၊ အမြင်သစ်များဖြင့် သိရှိနားလည် သဘောပေါက်ရန် ကြိုးစားလာကြပြီ ဖြစ်ပါကြောင်း၊ ခေတ်မီတိုးတက်သော ကမ္ဘာကြီးတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်နှင့် အခြားသူများနည်းတူ တန်းတူညီမျှ အကျိုးရလဒ်များ ရရှိခံစားနိုင်စေရန်လည်း သက်ဆိုင်ရာဌာနများနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အလေးထားဂရုပြု ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း"ပြောကြားပြီး အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမဆုရရှိသူများ အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့် ပတ်သက်သည့်Video Clip များအားလည်းကောင်း၊ အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦး၏ ဖျော်ဖြေမှုအားလည်းကောင်း  ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် အချိန်ပိုသင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ဆရာ၊ဆရာမ များ၏ သင်ကြားမှုများအား အလေးအနက်ထား မှတ်သားလေ့လာသင်ယူကြရန်၊ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားဖြေဆိုကြရန် ပြောကြားခဲ့သည်။


Read More...
03-Dec-2022
ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများ၊ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲမစတင်မီ တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးသည်။ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း ကိုးသိန်းအားကကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအပါအဝင် အင်အား (၁၉၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ ပုသိမ်မြို့နည်းတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီး၌လည်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Read More...
03-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာတွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက် သည့် အလျား ၁၅၅၀ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၈ လက်မရှိ ကျေးရွာကုန်ထုတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ဆောင်ရွက်သည့် အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(မြို့သစ် ၄ လမ်းမှ ၈ လမ်းကြား)အရှည် ၇၅၀ ပေ၊ အကျယ်၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ကဇင်းငူကျေးရွာအုပ်စု၊ စံချောင်းကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် အလျား ၁၁၅၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ နှင့် ထု ၆ လက်မရှိ ကွန်ကရစ်ဘီးလမ်းအား တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးပြီး စံချောင်းသာသနာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ အလှူငွေများဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်း၌ ပန်းတနော်မြို့နယ်၊ ကျောင်းစိပ်ကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၄ လက်မ သောက်သုံးရေ စက်ရေတွင်းအား တာဝန်ရှိသူများ နှင့်အတူ ဖွင့်လှစ်ပေးပြီး ကျေးရွာကော်မတီဝင်တစ်ဦးထံသို့ စက်ရေတွင်းနှင့် ပတ်သက်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် သောက်သုံးရေစက်ရေတွင်း၊ ရေကန်နှင့် solar panel အားကြည့်ရှုစစ်ဆေးသည်။ အဆိုပါစက်ရေတွင်းတူးဖော်ပေးမှုကြောင့် ကျေးရွာရှိ လူဦးရေ ၃၇၉ ဦးအား သောက်သုံးရေ ရရှိအကျိုးပြုနိုင်မည်ဖြစ်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကညင်သုံးဆင့်ကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)၏ အောင်မင်္ဂလာရိုး လျှပ်စစ်ရေတင်လုပ်ငန်းဖြင့် လယ်ဧက(၈၀)၌ ဆင်းသုခစပါးအမျိုးအစား နွေစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်နေမှု၊ ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းများ၊ ဈေးကွက်အတွင်းရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေ သြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုး နည်းစနစ်များ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်ကြရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ကြိုးစား ဆောင်ရွက်က်ပေးကြရန်”လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Read More...
02-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြောင်းမြခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူ ဦးစိန်မောင်သန်း၏ လယ်မြေ (၈.၈၁) ဧက၌ ပြုလုပ်သည့် ဆင်းရွှေကြာ-၁ စပ်မျိုးနေကြာ အား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြပွဲ နှင့် ဆိုလာစနစ်ဖြင့် ရေပေးစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးကာ နေကြာစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကု၊ ခွဲစိပ်အထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အရေပြား အထူးကု၊ မျက်စိအထူးကု၊ အရိုးအကြောအထူးကု၊ ကလေးအထူးကု၊ နားနှာခေါင်းနှင့်လည်ချောင်း အထူးကု၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများက ပြည်သူများအား ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေးပြီး လာရောက်ကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ အိမ်မဲမြို့ပြည်သူ့ဆေးရုံဝန်း၌ မွေးခန်းနှင့်ခွဲစိပ်ခန်းအပါ တိုးချဲ့နှစ်ထပ်ဆောင် အလျား ၉၇ပေ၊ အနံ၆၀ပေ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်လိုအပ်သလို အချိန်မီ ပြီးစီးရန်လည်းလိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့်  အဆောက်အဦ ဆောက်လုပ်နေမှုအား သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အလေးထားကြပ်မတ်စစ်ဆေးရန် ”လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ကညင်ကွင်းကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် အလျား၁၂၇၀ပေ၊ အကျယ်၈ပေနှင့် ထု၆လက်မရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းဖွင့်လှစ်ခြင်းကြောင့် အနောက်စုကျေးရွာရှိ အိမ်ခြေ(၁၀၁)အိမ်မှ လူဦးရေ (၃၇၉)ဦးအတွက် သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာရှိ Kubota လယ်ယာသုံးပစ္စည်းအရောင်းပြခန်းသို့ ရောက်ရှိပြီး ကြခတ်ကုန်းကျေးရွာ မီးလင်းရေးအတွက် 400V ဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်ရန် Kubota လယ်ယာသုံး ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီမှ လှူဒါန်းသောပစ္စည်းများ၊ ကုမ္ပဏီမှပြသထားသော ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များအားကြည့်ရှုခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းများ၊ ဈေးကွက်အတွင်းရောင်းချရမှု၊ ပဲအမျိုးမျိုးနှင့် နေကြာစိုက်ပျိုးနေမှုများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တောင်သူများက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြောင်းအလျား ၂.၅၁၉မိုင်၊ ထိပ်ဝအကျယ်၂၀ပေ၊အောက်ခြေအကျယ်၆ပေနှင့် ပျမ်းမျှအနက် ၇ပေရှိ ရွှေလောင်းကျွန်းအတွင်းရှိ မွန်ချောင်းမြောင်းနှင့် လက်ခွဲမြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရန် နှင့် အချိန်မီပြီးစီးရန်၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချရန်၊ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေး ဆောင်ရွက်ကြရန်ညွှန်ကြားခဲ့ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မြောင်းများ တူးဖော်ပြီးစီးပါက အနီးပတ်ဝန်းကျင်ကျေးရွာများမှ လယ် ဧက ၈၀၀ အား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။


Read More...
02-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်
နေပြည်တော်၌ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြပါသည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အုပ်ချုပ်သူနည်းပြများ၊  ပြိုင်ပွဲဝင်အားကစားသမား များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူတစ်ဦးမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  တိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းသည် (၈)ခရိုင် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ရွေးချယ်ထားသည့် လက်ရွေးစင်ကစားသမားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ အမျိုးသမီးဘောလုံးအားကစား အသင်းသည် အောင်မြင်မှုအစဉ်အလာ ကောင်းသည့် အသင်းဖြစ်ကြောင်း၊ ဘော်လီဘော ပြိုင်ပွဲဝင် ကစားသမားများအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ခရိုင်အသီးသီးမှ လက်ရွေးစင် ကစားသမားများ ရွေးချယ်ထားခြင်းဖြစ်သောကြောင့် ယခင်ကထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်၊ အချိတ်အဆက် မျှမျှတတဖြင့် ကြိုးစားယှဉ်ပြိုင် သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် နှင့် အာဟာရပြည့်ဝသည့် အစားအစာများကို စားသောက်ကြဖို့ လိုပါကြောင်း၊ အသင်းအုပ်ချုပ် သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန် ပြောကြားပြီး ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံး အသင်းနှင့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


Read More...
01-Dec-2022
2025 Ayeyarwady Division