ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနား နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)အား ယနေ့မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ ကော်မတီဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲ အခမ်း အနားတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းခြေခရီးသွားလုပ်ငန်းဖြစ်သော ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေနှစ်ခုတွင် ၂၀၁၉ခုနှစ်တွင် ခရီးသွား ၆သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင်နိုဝင်ဘာလကုန်အထိ ခရီးသွား ၇သိန်း၁သောင်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင်လည်း အကောင်းဆုံးဝန်ဆောင်မှုများပေးခြင်း၊ ကမ်းခြေဒေသ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း စသည့် ခရီးသွားဧည့်သည်ဆွဲဆောင်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရန်အတွက်လည်း သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့်အတူ  ခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် ဆင်စခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်လာပြီ ဖြစ်သဖြင့် ကမ်းခြေဒေသ ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများသို့ ခရီးသွားများဝင်ရောက်မှုအား စစ်တမ်းကောက်ယူ၍ စနစ်တကျ မှတမ်းပြုစုသုံးသပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှ‌ပစေရေး ဝိုင်း၀န်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများ အပေါ် အခြေခံသည့် စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို အဆင့်မြင့်ထုတ်လုပ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ပူပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းရှင်များကလည်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ကို ထုတ်လုပ်ရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး Barrier Free Tourism လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် Agri Based Tourism Farming Based Tourism တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက် သွားကြ ရမှာ ဖြစ်ပါကြောင်း၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် HGLMSစနစ်အား အပြည့်အဝတပ်ဆင်သုံးစွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း”ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ် က  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၂)အား ပြုလုပ်ခဲ့ရာ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားတင်ပြလာသော  ဟိုတယ် (၃)လုံး၊ အခန်းတိုးချဲ့တည်ဆောက်ခွင့်ပြုရန်တင်ပြလာသော ဟိုတယ်(၃)လုံး တို့ နှင့် ပတ်သက်၍ ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခြင်း၊  တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် နိုင်ရေး ဆွေးနွေးခြင်း၊ ခရီးသွားနေရာများ နှင့် ခရီးစဉ် ဒေသသစ်များကို အများပြည်သူ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရုပ်သံအစီအစဉ်များ ရိုက်ကူး၍ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
07-Dec-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စိုက်ပျိုးရေးဦးစီးဌာန သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) သရောင်းချောင်း မျိုးသန့်ခြံ၌  မျိုးအုပ်စုအလိုက် ပြသထားသည့် စပါးမျိုးများအား ကြည့်ရှု စစ်ဆေး ခဲ့ရာ မျိုးသန့်ခြံတာဝန်ခံ ဦးစီးအရာရှိ မှ ရှင်းလင်းတင်ပြမှုအပေါ် မျိုးအုပ်စုအလိုက် ခွဲခြား မှတ်တမ်းပြုစု၍ စနစ်တကျ ထိန်းသိမ်းထားရန် မှာကြားခဲ့သည်။ ယင်းနောက် ပေါ်ဆန်းမွှေး စပါးမျိုး (၂)ဧက မျိုးသန့်  မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ထိန်းသိမ်းထားရှိသည့် ပေါ်ဆန်းမွှေးစပါးမျိုးအား ယခုစိုက်ပျိုး၍ မျိုးထုတ်ရာ တွင် အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှုနှင့် အရည်အသွေးပိုင်းအား ယခင်/ယခု နှိုင်းယှဉ်သုံးသပ် နိုင်ရန်နှင့် သုတေသနပြုသွားရန်၊ ပေါ်ဆန်း မွှေးမျိုးစပါး စတင်စိုက်ပျိုးသည်မှ ဆန်ကြိတ်ခွဲပြီး သည်ထိ မှတ်တမ်းတင်ပြုစုတင်ပြရန် မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယခင်နှစ်ရိုးပြတ်ကျန်ဖြစ်ပေါ်သည့် ဧကများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ တောင်သူဦးကျင်သန်း၏ လယ်မြေတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုခဲ့ပြီး ရိုးပြတ်ကျန်ဧကများတွင် ဆီထွက်သီးနှံ နေကြာအား သီးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှု ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
07-Dec-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ နှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား  ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲသည် တိုင်းဒေသကြီးအဆင့်ပြုလုပ်သောပြိုင်ပွဲဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင်  အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲအား ယမန့်နေ့ကကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။


Read More...
05-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းက ‌‌ရေကြည်မြို့နယ်အတွင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာ၌ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရန် ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ‌ရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွားရေတိုက်ကျေးရွာနှင့် ကညင်ငူကျေးရွာအနီး အလျား ၁.၁၅ မိုင် ပင်မမြောင်းမြေကြီးလုပ်ငန်းနှင့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀)စီမံကိန်းဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ ကညင်ငူကျေးရွာ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်တည်ဆောက်မည့် (၁၁)ကေဗွီဓာတ်အားလိုင်း(၀.၂)မိုင်၊(၁၁/၀.၄)ကေဗွီ(၂၀၀)ကေဗွီအေခွဲရုံ(၁)ရုံတည်ဆောက်ရန်ဆောင်ရွက်နေမှုအားလည်းကောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကွင်းလျားကျေးရွာနှင့် ကညင်ငူကျေးရွာများတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအားလည်းကောင်း သက်ဆိုင်ရာဌာနများက ယာယီရှင်းလင်းဆောင်၌ လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာတွင် လုပ်သားများအန္တရာယ်ကင်းရှင်းစေရေး၊သတ်မှတ်ထားသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေးတို့အားလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နွားရေတိုက်ကျေးရွာ ၁၁ကေဗွီအေ ထရန်စဖော်မာတပ်ဆင်နေမှုနှင့် ဓာတ်အားလိုင်းသွယ်တန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ တောင်သူအခြေပြုသုတေသနစခန်းဖြစ်သော ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးမျိုးများကို သဘာဝမြေဩဇာ သီးသန့်ထည့်သွင်းအသုံးပြုပြီး ဒေသနှင့်အသင့်လျော်ဆုံး ဈေးကွက်အရှိဆုံးစပါးမျိုးကို တောင်သူနှင့်အတူ ရွေးချယ်စိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်အတူ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးကာ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို တောင်သူများ လက်တွေ့မြင်တွေ့ရပြီဖြစ်သဖြင့် သဘာဝမြေဩဇာကို ပိုမိုသုံးစွဲစိုက်ပျိုးကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးတဲစုကျေးရွာ၊ ငါးတင်းစုကျောင်းကြီးဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ ရေကြည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  ငါးတဲစုကျေးရွာကုန်ထုတ်လမ်းမြေကျောက်ခင်းခြင်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသမျိုးစပါးများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် သဘာဝမြေဩဇာအား ပိုမိုသုံးစွဲရန်၊ ဓာတ်မြေဩဇာလျှော့ချသုံးစွဲရန်မှာကြားခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသု‌တေသနဗဟိုဌာန(မြောင်းမြ)၊ သုတေသနအရာရှိမှ သဘာဝမြေဩဇာသုံးစွဲစိုက်ပျိုး၍ ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဆွေးနွေးကာ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း‌ေ‌ဆာင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်ဒေါင့်ကြီး (သာပေါင်း) - ဒဇောင်းရိုး(ရေကြည်) လမ်း မိုင် ၁/၆-၂/၀ အထိ ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် တို့အားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Read More...
04-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ‌ကျုံပျော်ခရိုင်အတွင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊ ညောင်ပင်သာ(၁)လမ်းရှိ လမ်းအရှည် ၁၁၅၀ပေ၊ အကျယ်၁၂ပေနှင့်ထု ၆လက်မရှိ ကွန်ကရစ်လမ်းအားလည်းကောင်း၊ ကျုံပျော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံပျော်-ဓနုံးကွင်းလမ်း လမ်းအရှည် (၀/၃.၉၄)မိုင်၊အကျယ်၁၂ပေနှင့် ထု၇လက်မရှိကွန်ကရစ်လမ်းအားလည်းကောင်း၊ ရေကြည်မြို့နယ် လမ်းဦးစီးဌာန CLASS-Aလမ်းကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရန်မျိုးအောင်-ရုံးတုံး-အစုကြီး-ရွှေနံ့သာလမ်း  လမ်းအရှည် ၄ဖာလုံ၊အကျယ်၁၂ ပေနှင့် ထု၇ လက်မရှိကွန်ကရစ်လမ်းအားလည်းကောင်း တာဝန်ရှိသူများနှင့်အတူ အသီးသီးတက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ လယ်တီကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဘုရားငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့များသို့ သွားရောက်ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တင်ပြချက်များအပေါ် သက်ဆိုင်ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအဆောက်အဦရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လိုပါကြောင်း၊ပြုပြင်မွမ်းမံပြင်ဆင်ရန်ရှိသည်များကို ဘဏ္ဍာနှစ်အလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊တက္ကသိုလ်ဝင် စာမေးပွဲအား မိမိကျောင်းမှ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက်  ဆရာ၊ဆရာမများ၊အုပ်ချုပ်ရေးအဖွဲ့များ၊မိဘများပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆရာစံ-သင်္ကန်းဒေါင့်-သရက်ပင်လှ-ငါးရံ့ချောင်းလမ်း လမ်းမိုင်အရှည် (၂/၆.၉၄)မိုင်၊အကျယ်၁၂ပေနှင့် ထု၇လက်မရှိကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ယင်းနောက် ငါးရံ့ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်ရေကြည်မြို့နယ်၊  အောင်ဆန်းမြို့ပတ်လမ်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အလျား ၆၀ပေ အနံ၅၅ပေရှိ R.C.Cနှစ်ထပ် မူကြိုကျောင်းဆောက်လုပ်နေမှုအားလည်းကောင်း၊ မြို့နယ်အားကစားခန်းမ အကြီးစားပြင်ဆင်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်လိုအပ်သလို အချိန်မီ ပြီးစီးရန်လည်းလိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့်  အဆောက်အဦ ဆောက်လုပ်နေမှုအား သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အလေးထားကြပ်မတ်စစ်ဆေးရန် ” လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အ.ထ.က‌(ရေကြည်)ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပူးပေါင်းစီစဉ်မှုဖြင့် ရေကြည်မြို့၊မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်အတွင်း၌ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား  ကွင်း‌ဆင်းဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။


Read More...
04-Dec-2022
2025 Ayeyarwady Division