ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအား တစ်လလျှင်တစ်ကြိမ်ပုံမှန်ပြုလုပ်၍ တိုင်းဒေသကြီး၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ပြည်တွင်း ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် မြေသယံဇာတ၊ရေသယံဇာတကောင်းများ များစွာရှိနေသောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများလည်း များစွာရှိနေပြီး မူဘောင်အတွင်းမှဖော်ဆောင်သွားရန်လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းသစ်များအတည်ပြုလျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းများနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းများအားအမှုတွဲများအား သက်ဆိုင်ရာဌာနဆိုင်ရာများက သေချာစွာပြစု၍ စနစ်တကျစိစစ်တင်ပြကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင်ြနိုင်ငံတော်အတွက် အမှန်တကယ်အကျိုးပြုမည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ခွင့်ပြုပေးသွာမှာဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Green Shine Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် Myanmar Global Business Association  Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များအား လင်းတင်ပြခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏အထွေထွေ ဆွေးနွေးတင်ပြချက်များအ​ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး​မွေးမြူ​ရေးအ​ခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာ​စေရန်အတွက် အလားအလာ​ကောင်းများကို အကျယ်တ၀င့်​ဆွေး​နွေးခဲ့​ပြီးကုမ္ပဏီများ၏လျှောက်ထားတင်ပြမှုများအပေါ် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


Read More...
19-Jan-2023
စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ "အလှပန်းအစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မောင်မယ်သစ်လွင်များဟာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေဟာ ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာစေရေးကြိုးစားကြရန်မှာကြားခဲ့ပါသည်။ ထို့နောက်  စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) ကျောင်းသားကျောင်းသူများအတွက်ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ရှိကျောင်းအုပ်ဆရာမကြီးနှင့်၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်)၊ ကျောင်းသားကျောင်းသူ (၁၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (လပွတ္တာ-မြောင်းမြ- အိမ်မဲ- ကျောင်းကုန်းလမ်း) မိုင်တိုင် (၄၄/၃)နှင့် (၄၅/၃)အတွင်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှစစ်ဆေးခဲ့ပြီး တိုင်းဦးစီးမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
19-Jan-2023
မြောင်းမြမြို့နယ် ရှိကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (ဒုတိယအဆင့်)( NEP Phase II)ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၃၀) အိမ်ထောင်စု(၃၀)စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။  ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မြောင်းမြမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် ပေသလပ်ကုန်း-ပြင်ရွာလမ်း (၁မိုင်၊ ၁.၁ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မြောင်းမြမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးမှုအပေါ် နွေစပါး၊ဆောင်းသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက် နှုန်းတိုးစေရေး၊ သဘာဝ မြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲစေရေး၊ တောင်သူများအသိပညာပေးလုပ်ငန်းများဆောင်ရွက်စေရေးမှာကြားခဲ့သည်။


Read More...
19-Jan-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ပတော်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ (ရေဆင်း-၂)စပ်မျိုး နေကြာ(၅)ဧက အား ရေသွင်းအစာကျွေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့်  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ကြီးကြပ်မှုဖြင့် သဘာဝမြေသြဇာကိုအသုံးပြု၍  စိုက်ပျိုးထားသည့် ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကာ ပေါ်ဆန်းစပါးအရည်အသွေးကောင်းမွန်စေရေး၊ စျေးကွက်ထိုးဖောက်နိုင်ရေးနှင့် အထွက်နှုန်းတိုးစေရေးကြိုးစားဆောင်ရန်မှာကြားခဲ့သည်။ အဆိုပါ ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းရိတ်သိမ်းခဲ့ရာ တစ်ဧက တင်း (၁၀၀)ထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်သည့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းရှိ မြောင်း Alinment တိုင်းတာခြင်းနှင့် မြောင်းပုံစံကျပန္နက်ရိုက်ခြင်းလုပ်ငန်း၊ ရေငြိမ်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မမြာင်းမြေကြီးလုပ်ငန်း၊ ရှင်းလင်းဆောင်နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးမှရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၂၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်သည့် ကညင်ငူကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ (အလျား ၃၀၀ပေ) ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးမကျမီပြီးစီးစေရေး၊ ရေရှည်ခိုင်ခံ့စေရေးမှာကြားခဲ့ပြီး မြထိန်းနံရံတည်ဆောက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကွင်းသုံးဆင့် ကျေးရွာအုပ်စုရှိ တောင်သူဦးလှအေး၏ လယ်ဧက (၅)ဧက၌ ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုနှင့် ညောင်ပင်သာကျေးရွာရှိ တောင်သူ ဦးရဲကျော်သူ၏ လယ်ဧက (၄၀) အား ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် ဆိုလာရေတင်စနစ်များ ပိုမိုတွင်ကျယ်စွာ အသုံးပြုရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
18-Jan-2023
ဧရာဝတီတိုင်းဒေသကြီး စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားဒေသခံကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအသင်းမွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။  ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခါဖူလုံရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိုးပြက်ကျန်ဧကများတွင် နွေစပါးအပါအဝင် အခြားသီးနှံများစိုက်ပျိုးလျက်ရှိပါကြောင်း၊မြေဆီ၊ မြေသြဇာများပြန်လည်ကောင်းမွန်လာစေရေးအတွက် ၂၀၂၃ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁)သိန်း အား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များထည့်သွင်း စိုက်ပျိုးမည် ဖြစ်ပြီး လာမည့် ၂၀၂၄ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊  စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ချောင်းပိတ်၊မြောင်းပိတ်လုပ်ငန်းများ၊ မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စိုက်ပျိုးချိန်အမီ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြစ်ရေတင်လုပ်ငန်းများ၊ ဆည်ရေသောက်လုပ်ငန်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သား/ငါး ကဏ္ဍတွင် အင်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ မွေးမြူရေးကန်များဖြင့် ငါး၊ ပုဇွန်၊ ဂဏန်းစနစ်တကျမွေးမြူခြင်း၊ အသားတိုးကြက်၊ဝက်၊ နွား၊ ဆိတ်မွေးမြူခြင်း၊ ဥစား(ကြက်/ဘဲ)မွေးမြူခြင်းစသည့်လုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရေးနှင့်ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများမှ စားရေရိက္ခါဖူလုံရေး အပြန်အလှန်ဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။ ထို့နောက်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှ လည်းကောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများမှလည်းကောင်း၊ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်းအသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး Global Earth ကုမ္ပဏီ၊ Htoo Htet Han ကုမ္ပဏီ၊ Delta Queen ကုမ္ပဏီတို့မှမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ရာ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်မှ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသည် ရေမြေသယံဇာတများ၊ လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝပြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက်  သုတေသနပြုလုပ်ငန်းများ၊ခေတ်မီနည်းစနစ်များအသုံးပြုဆောင်ရွက်စေရေးဆွေးနွေးပွဲရလဒ်များအားအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်စေရေးနှင့် လူဦးရေပွားများလာသည်နှင့်အမျှ စားရေရိက္ခါပိုမိုဖူလုံစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲစကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး Stake Holder များ၏ ဆွေးနွေးချက်များအပေါ် အစုအဖွဲ့လိုက်  ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြကာဆွေးနွေးပွဲရလဒ်အဖြစ် အတည်ပြုခဲ့ကြကြောင်းသိရသည်။


Read More...
17-Jan-2023
2025 Ayeyarwady Division