ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် နေကြာမျိုးစေ့စိုက်ပျိုးပွဲတက် ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာတောင်သူဦးဆန်းဦး၏ လယ်မြေ(၁) ဧက၌ ပြုလုပ်သည့်  နေကြာမျိုးစေ့စိုက်ပျိုးပွဲတက် ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။


Read More...
24-Jan-2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ (  ၂၀၂၀- ၂၀၂၁ )တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်(၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းသွယ်တန်းဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၆၉ ) အိမ်ထောင်စု( ၆၉ )စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် Oriental High Way ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်နေသော ပုသိမ်-ငွေဆောင်ကားလမ်း မိုင်( ၁၆/၀- ၁၆/၂ ) မိုင်အား လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့်  စံချိန်စံညွှန်းများပြည့်မီရေးနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးအားလမ်းညွှန်မှာကြားခဲ့ပြီး ပုသိမ်- ရှောပြာ- ချောင်းသာလမ်း(၂၅/၀ - ၃၄/၀) မိုင် အတွင်း မျက်ကွယ်ကွေ့များအား လမ်းတာတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
24-Jan-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မင်းဘောကျေးရွာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် 66KW Solar Pumping System ပြောင်းလဲတပ်ဆင်ခြင်း(မင်းဘောဒီဇယ်ရေတင်)လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးအရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချစေရေး အလေးထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။  ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မအူပင်) RCသုံးထပ်ပင်မကျောင်းဆောင် (၂၆၀ပေ၊၁၆၀ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)(၁၉၂ပေ၊၃၈ပေ)Three Storeyed R.C.C Lecture Building ဆောက်လုပ်ခြင်းနှင့် ကျောင်းဝင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ ကျောင်းဝန်းအတွင်းသန့်ရှင်းသာယာစေရေးတို့အား အလေးထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မအူပင်မြို့နယ် စည်ပင်သာယာရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ကမ်းနားလမ်း(စည်ပင်လမ်းနှင့် ၃လမ်းကြား)ကွန်ကရစ်လမ်း၊အရှည်(၁၁၇၀)ပေ၊အကျယ်(၃၀)ပေ၊ထု(၈)လက်မရှိပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌက  ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမျိား၏သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားကျက်မှတ်စေရေး၊ အားနည်းသည့်ဘာသာရပ်များကိုပိုမိုလေ့လာကြစေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ မလက်တိုကျေးရွာအုပ်စု၊ပလောင်ရွာ၌ ၂၀၂၃ခုနှစ်၊ နွေစပါးတစ်ဧကတင်း (၁၂၀) ဧက၁၀၀စံပြကွက်အား ကြည့်ရှုအားပေးခဲ့ပြီး  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးပြီးဖြစ်၍ စိုက်ခင်းများသို့ အပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ အထွက်တိုးစေရေးနှင့် ဆီထွက်သီးနှံနေကြာအား  တိုးချဲ့စိုက်ပျိုးနိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တော်တလုတ်ကျေးရွာအုပ်စု၊သုံးခွဆိုင်ကျေးရွာ တောင်သူဦးမင်းထိုက်၏ ငရုစိုက်ခင်း (၀.၅)ဧကအားလည်းကောင်း၊( Super Sun 41)နေကြာ (၄)ဧက စိုက်ခင်းများ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။  ယင်းနောက် တောင်သူဦးသာစိုး၏ ( Super Sun 41)နေကြာ(၃ )ဧက စိုက်ခင်းနှင့် တောင်သူဦးလှစိုး၏ ၊( Super Sun 41)နေကြာ (၃)ဧကတို့၏ ဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ စားသုံးဆီဖူလုံရေးအတွက်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ထို့အတူ တောင်သူဦးဝင်းမြင့်၏ယာမြေ (၂)ဧကနှင့် ဦးကျော်ဝင်း၏ယာမြေ (၁)ဧက၌  Super Sun 41)နေကြာ (၁)လနှင့်( ၅)ရက်သားစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေနှင့်အစာ အချိန်မီကျွေးစေရေး၊ ပိုးမွှားကျရောက်မှုမရှိစေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းရွာရှိ  ဦးကြည်ခိုင်၏ လယ်မြေ(၁) ဧက၌ ရေဆင်း-၁ စပ်မျိုးနေကြာစိုက်ပျိုးထားရှိ မှုအားလည်းကောင်း၊ မော်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ၊ တောင်သူဦးရဲမင်းဋ္ဌေး၏ လယ်မြေ (၁.၅)ဧက၌ နေကြာ(ဒေသမျိုး) သီးညှပ်စိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။  ထို့နောက် မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၅၀၀ စံပြကွက်သို့သွားရောက်ခဲ့ရာ တိုင်းဒေသကြီး  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦး တိုင်းဦးစီးမှူးမှ တောင်သူ ၉၃ဦးတို့၏ နွေစပါး (သီးထပ်ရင်၊ ပုလဲသွယ်၊ နယူးဧရာ၊ ကောက်ညှင်း၊ နှံကောက်ထွန်း) ဘက်စုံအဆင့်မြင့်နည်းပညာသုံး  ဧက ၅၀၀ စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် ဒေသခံတောင်သူများမှ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးပြီးဖြစ်၍ စိုက်ခင်းများသို့ အပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ အထွက်တိုးစေရေးနှင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံး  ဧက (၅၀၀) စံပြကွက်အား စပါးခွံ၊ ဖွဲနု၊ ထုံး၊ ယူရီးယား၊ အီးအမ်၊ တင်လဲရည်တို့ဖြင့်အချိုးကျဖော်စပ်ထားသည့်ဘိုကာရှိနှင့် ဓာတ်မြေသြဇာ အချိုးကျပေါင်းစပ်ထားသည့် စုပေါင်းမြေသြဇာကြဲပတ်နေမှုနှင့် တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေ ဧက (၁၀၀)၌ နယူးဧရာမျိုးစပါး စိုက်ပျိုးအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
21-Jan-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မအူပင်ခရိုင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့ညနေပိုင်းက ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၈)ရပ်ကွက်၊ ဘောဂလမ်း အပိုင်း(၁)ကွန်ကရစ်လမ်း၊ အရှည်(၁၄၄၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မရှိလမ်း အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်ဖွင့်လှစ်ပေးသည်။ယင်းနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌက  ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။  ထို့နောက် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူ ဦးမင်းသိန်းဝင်း၏ လယ်မြေ (၅)ဧက တွင် (ဆင်းသုခ+GW 11) နွေစပါး စိုက်ခင်းအား မြေသြဇာကြဲပတ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးနှင့် အထွက်တိုးစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ပြုလုပ်သည့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက မအူပင်ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊လူမှုရေးဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်သွင်းအားစုများ တောင်သူများထံသို့‌စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေး၊တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရေး၊ တစ်အိမ်တက်ဆင်းမြေပြင်စာရင်းကောက်ယူခြင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ၊  ကွန်ကရစ်လမ်းများ၊ကုန်ထုတ်လမ်းများဖော်ဆောင်ပေးနေမှုများနှင့် ယာဉ်တိုက်မှုများလျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့်အညီ စီမံချက်များရေးဆွဲ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက စပါး၊နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) လျာထားချက်များပြည့်မီအောင် စိုက်ပျိုးစေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊  နွေစပါးနှင့်မိုးစပါးများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိစေရေး၊ ရိုးပြတ်ကျန်ဧကများ၌လည်း နွေစပါးအပါအဝင်   သီးနှံများ ထပ်တိုးစိုက်ပျိုးနိုင်ရေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် စနစ်တကျလေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊  မိမိတို့ခရိုင်၊ မြို့နယ်များဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။၊


Read More...
20-Jan-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့နံနက်ပိုင်းက  ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့နယ်၊  ပြည်ငြိမ်းအေးကျောင်းတိုက် မြို့ဦးဓမ္မာရုံ၌ ပြည်သူများအား  ကွင်းဆင်းဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ ဆက်လက်၍ စာရေးကွင်းကျေးရွာအုပ်စုရှိ (ရေဆင်း-၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် (၁)ဧကစိုက်ခင်းနှင့် တလုတ္ထော် မြို့ရှိ (ဆင်းရွှေကြာ- ၂) (F.S)နေ ကြာမျိုးစေ့ထုတ် (၆)ဧကစိုက်ခင်းများအားကြည့်ရှုအားပေးခဲ့ပြီး ရေနှင့်မြေသြဇာ စနစ်တကျထည့်သွင်းစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ထို့အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာရှိ တောင်သူဦးဌေးကြိုင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁)ဧကနှင့် တောင်သူဦးစိုးလွင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁.၄) ဧက နေကြာစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုကိုကြည့်ရှုအားပေးခဲ့ပြီးစနစ်တကျစိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ငါးဘတ်အိုင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ဇီးဖြူကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလျှပ်စစ်မီးဖွင့်လှစ်ပေးမှုကြောင့် ကျောင်းစုကျေးရွာတွင် အိမ်ခြေ (၁၀၁)လုံး၊ ငါးဘတ်အိုင် (၉၀)လုံးနှင့် ဇီးဖြူးကုန်းကျေးရွာတွင် အိမ်ခြေ (၇၁)လုံးတို့မှ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရသည်။  ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၁၀)ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်း အပိုင်း(၁)၊အရှည်(၃၅၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၇)လက်မရှိ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ  ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။  ဆက်လက်၍ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဓနုဖြူမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး များပန်းတိုင်အထွက်နှုန်းရရှိစေရေး၊  နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများမှ အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြို့၊ ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ချမ်းသာကြီးဘုန်းကြီးကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။  ဆက်လက်၍မိဘဂုဏ်ရည်ဆန်စက်သို့သွားရောက်ခဲ့ပြီး စက်ရုံပိုင်ရှင်မှ စပါးခွံအသုံးပြု၍ (Pellet)လောင်စာတောင့်ထုတ်လုပ်သုံးစွဲဖြန့်ဖြူးမှုအခြေအနေများ၊ လောင်စာတောင့်အသုံးပြု၍ Gasifierဖြင့် ဆန်စက်လည်ပတ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရန်၊ ဒေသခံများ ထင်းအစားထိုးအသုံးပြုနိုင်စေရေးဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ အဆိုပါ ဆန်စက်မှ တစ်နေ့လျှင် လောင်စာတောင့် (၁၅)တန်ခန့်ထုတ်လုပ်နိုင်ပြီး ရန်ကုန်သို့(၁၀)ခန့်တင်ပို့ရောင်းချ၍ ကျန်(၅)တန်အားဆန်စက်လည်ပတ်ရာတွင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ထို့နောက် နန်းတော်ကုန်းကျေးရွာရှိ ရေဆင်း-၁ စပ်မျိုးနေကြာ (၁၀)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျစိုက်ပျိုးစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
20-Jan-2023
2025 Ayeyarwady Division