ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့ရှိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးအမှူးပြုသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကုသိုလ်ယူဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့ရှိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးအမှူးပြုသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်တွင် ကုသိုလ်ယူဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသွားရောက်ပေးအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့်ဆေးရုံဝန်ထမ်းများက ဆရာတော်ကြီးများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ Ultrasound၊ ECG၊ X -Ray များဖြင့် ရောဂါရှာဖွေခြင်းလုပ်ငန်းများ ကုသိုလ်ယူဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေးဆောင်ရွက်မှုများအား တင်ပြလျှောက်ထားခဲ့ပါသည်။ ထို့နောက် ဆေးရုံအတွင်းလူနာများအားကုသပေးနေမှုများနှင့်ပြင်ပမှဆေးရုံလာရောက်၍ ဆေးရုံ ပြသ မှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများနှင့်တွေ့ဆုံအားပေး စကားများပြောကြားခဲ့သည်။ ဆက်လက်၍  ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေကျောင်းသားကျောင်းသူများအတွက်အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးခြင်း Grade 11(သင်ရိုးဟောင်း) စာမေးပွဲ )နှင့် (ပြင်ပဖြေဆိုမည့်ကျောင်းသူကျောင်းသားများအတွက်အကြိုလေ့ကျင့်စာမေးပွဲ ဖြေဆိုလျက်ရှိသည့် ပုသိမ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုစေနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်တွင် အတွင်းဖြေ ၇၈၁၀ဦး၊ ပြင်ပဖြေ ၁၄၂၆၃ဦး စုစုပေါင်းဖြေဆိုသူ ၂၂၀၇၃ဦး ဖြေဆိုမှာ ဖြစ်ကြောင်းသိရသည်။


Read More...
14-Feb-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာမြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အလားတူ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး  ဘာသာရပ်သင်ဆရာဆရာမများမှ အောင်ချက်မြင့်မားရေးသင်ကြားပို့ချနေမှုများလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ယင်းသို့တွေ့ဆုံအားပေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည်  ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာမွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း ၊ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆ ရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား ၏ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
14-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကျင်းပ
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အား ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့မှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီးနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ခရိုင်အလိုက် ဒေသထွက်ကုန်ပြခန်းများ၊  ဦးစီးဌာနပြခန်းများတွင်နှစ်သိမ့်ဆုနှင့် အထူးဆုရရှိသည့် ခရိုင်များနှင့် ဌာနဆိုင်ရာပြခန်းများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာ ပြခန်းများတွင် ဒုတိယဆုရရှိသည့်ခရိုင်နှင့် ဦးစီးဌာနပြခန်း များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တိုင်းမှူးတို့ကလည်းကောင်း၊ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများတွင် ပထမဆုရရှိသည့် ခရိုင်နှင့် ဦးစီးဌာနတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးဆုများချီးမြှင့်ခဲ့သည်။ ယင်းနောက် ပညာအလင်္ကာတေးဂီတအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ဂုဏ်ပြုညစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေရေ အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲကျင်းပ
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၂ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ပြိုင်ပွဲဝင် ကာယဗလမောင်များနှင့် ကာယအလှမယ်များ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယနေ့ပြုလုပ်သည့် ပြိုင်ပွဲသည် ဧရာဝတီတိုင်းဒေသအတွင်းရှိ မြို့နယ်များမှထူးချွန်ထက်မြက်သော ကာယဗလမောင်နှင့်အလှမယ်များ ပေါ်ထွက်လာစေရန်၊ တိုင်းအတွင်းရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာပြီး အားကစားနည်းစနစ်များ အပြန်အလှန်ရရှိစေရန်၊ ထူးချွန်သောအားကစားသမားများရွေးချယ်၍ ပြည်နယ်/တိုင်း ပြိုင်ပွဲ များသို့ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံတော်ကိုယ်စားပြုထူးချွန်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် အနာဂါတ်တွင် ကျန်းမာကြံ့ခိုင်သောမြန်မာနိုင်ငံ၏မျိုးဆက်သစ်သားကောင်း ၊ သမီးကောင်းများ ပေါ်ထွက်လာစေရန်စသည့် ရည်ရွက်ချက်များဖြင့်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဒိုင်အဖွဲ့ဝင်များကလည်း သမာသမတ်ရှိရှိဖြင့် ဘက်လိုက်မှုမရှိဘဲ အကဲဖြတ်အမှတ်ပေးရန်ပြောကြားလိုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် ဂုဏ်ယူနိုင်မည့် အားကစားသမားများအဖြစ် ရွေးချယ်နိုင်ရန်လိုပါကြောင်း”အမှာစကားများပြောကြားခဲ့ပြီး ကာယဗလမောင်များနှင့် ကာယအလှမယ်များ၏ ပြိုင်ပွဲဝင်သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ (၆၀)ကီလိုတန်းမှ (၇၅)ကီလိုတန်းအထက်နှင့် အလွတ်တန်းအထိ ကာယဗလမောင် (၃၆)ဦးနှင့် ကာယအလှမယ် (၂၆)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယဗလမောင်ပြိုင်ပွဲအား ပုသိမ်မြို့၊ဧရာရွှေခန်းမ၌လည်းကောင်း၊ ကာယအလှမယ်ပြိုင်ပွဲအား မြို့တော်ခန်းမ၌လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပခဲ့သည်။ ဆက်လက်၍ ညနေပိုင်းတွင်ဆုချီးမြှင့်ပွဲအား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက်ပြိုင်ပွဲများတွင် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများနှင့် အလွတ်တန်းပြိုင်ပွဲတွင် စတုတ္ထမှ ဒဿမအထိဆုရရှိသူများနှင့် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများအား ဌာနဆိုင်ရာများ၊တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ (၂၆)မြို့နယ် ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် စတုတ္ထမှ ဒဿမအထိဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့်ဥပ‌ဒေချုပ်တို့ကလည်းကောင်း၊ တတိယ၊ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဆုရရှိသည့် (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်  ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၅)ရပ်ကွက်၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိရာ တိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအား ရေ၊ မီးသုံးစွဲမှုများကို စနစ်တကျသုံးစွဲကြရန်နှင့် အိမ်ခန်းများအားလည်း  ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊သန့်ရှင်းသာယာစေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သီးပင်စားပင်၊ပန်းအလှပင်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးအား ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းနှင့် အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပုသိမ်မြို့တွင်ဝန်ထမ်းအိမ်ရာ (၁၁)လုံးအကောင်အထည်ဖော်တည်ဆောက်ရန် လျာထားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဘတ်ဂျတ်ကာလ)တွင်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၈)လုံး၏ (၅၀%) အပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်သင်း အိမ်ရာ (၈)လုံး၏ ကျန်ရှိ(၅၀%)ကို အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သဖြင့် ပြည့်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာအတွင်း (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ စုပေါင်း (၉)လုံးထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ အခန်းပေါင်း (၁၄၄)ခန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
2025 Ayeyarwady Division