ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ဦးစွာ  ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ပြီး အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ ပြီးကျောင်းသား၊ကျောင်းသူများအ တွက် တက္ကသိုလ်ဝင်စားမေးပွဲအထောက်အကူပြုဘာသာရပ်ဆိုင်ရာသိကောင်းစရာ (Hand- Out)များနှင့် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
17-Feb-2023
ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပ
သာသနာတော်နှစ် ၂၅၆၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၃)ရက်၊ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရ ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယမဟာထေရ်မြတ်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တရားနာပရိတ်သတ်များ တက်ရောက်နာယူကြည်ညိုကြပါသည်။ ဦးစွာ  “နမောတဿ” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သဲဖြူ နှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များနာယူကြည်ညိုခဲ့ကြကာသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဓမ္မပူဇာအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
17-Feb-2023
ပုသိမ်မြို့၌ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊Swen Hotel အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အဓိကအားထားလုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊  သား၊ ငါး မွေးမြူရေးလုပ်ငန်းများအပြင် ကမ်းရိုးတန်းရှည်လျားသည့်တိုင်းဒေသကြီးဖြစ်၍ ၎င်းတို့အားအခြေပြု၍ ရေထွက်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်ကုန်ကြမ်းများစွာထွက်ရှိပြီး ကုန်ကြမ်းများအား ကုန်ချောပြုလုပ်၍ ပြည်ပပို့ကုန်အဖြစ်တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အလားအလာကောင်း များရှိနေပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပြည်ပသို့ ပုံမှန်တင်ပို့နေတဲ့အမယ်များအပြင် အလားအလားရှိတဲ့ အမယ်သစ်များကိုလည်း ပြည်ပစျေးကွက်များနှင့်ချိတ်ဆက် ပြီးတိုးချဲ့တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအား ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအားလုံး ပါဝင်ဆွေးနွေးသည့်အတွက် တိုင်းဒေသကြီး၏ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက်များစွာအ ကျိုးပြုမှာဖြစ်ပါကြောင်း နှင့်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအကျိုး‌မျှော်ကိုး၍ ရလာဒ်ကောင်းများထွက်ပေါ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း”အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်က အမှာစကားများဆက်လက် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်က ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လိုအပ်ချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူးက (The General Administration of Customs of China-GACC) အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့်  MAE Co Ltdမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဟင်္သာတမြို့နယ်၊လိပ်ချောင်းကျေးရွာ၊ စလင်းကျောင်းကြီးကျောင်းတိုက်၌ ခေတ္တသီတင်းသုံးနေထိုင်တော်မူသည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားတင်ပြခဲ့ပါသည်။ ထို့နောက် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်နေ့တွင် စလင်းကျောင်းကြီးကျောင်းတိုက်၌  စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော် အထွဋ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပြုလုပ်မည့် နှစ်ကျိပ်ရှစ်ဆူ ကောင်းမှုတော် ဝိသုံဂါမသိမ် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်းသိရသည်။


Read More...
16-Feb-2023
တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်တက္ကသိုလ်ဇုန် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲဲ့ ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တက္ကသိုလ်၊ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  ပုသိမ်တက္ကသိုလ်ဇုန် အမျိုးသားဘောလုံးအသင်း အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက  ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“အားကစားသမားများအနေဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်၊ အချိတ်အဆက် မျှမျှတတဖြင့် ကြိုးစားယှဉ်ပြိုင် သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသောက်ရန်၊ အသင်းအုပ်ချုပ်သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် အောင်ပွဲများရရှိပြီး တိုင်းဒေသကြီးနှင့် တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး” မှာကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့်ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်း အထိ အလျား(၆၁၀) ပေမြေသားတာဘောင်ဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအမာခံရရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။


Read More...
15-Feb-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းဖွင့်ပွဲအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်၊  ဇယား(၂)ပါ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များ၏ ဥပဒေပြုစာရင်းနှင့် ဇယား(၅)ပါ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများစာရင်းတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် ကဏ္ဍများအတွက် ပြည်ထောင်စုကပြဋ္ဌာန်းပေးထားသည့် ဥပဒေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများကထုတ်ပြန်ထားသောနည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်း ဥပဒေပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့်ကဏ္ဍများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက  ဥပဒေ၊ နည်းဥပဒေများရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းမည့်ဥပဒေ(မူကြမ်း)များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြနိုင်ရေးအလေးထားဆောင်ရွက်သွားရန်” အမှာစကားများပြောကြားခဲ့သည်။အဆိုပါသင်တန်းအား ယနေ့မှ ဖေဖော်ဝါရီလ(၁၇ )ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ သင်တန်းသား၊သင်တန်းသူ (၁၄၄ )ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက်အကြိုလေ့ကျင့်စာမေးပွဲ ဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘာသာရပ်များအားလုံးဖြေဆိုနိုင်စေရေး တာဝန်ရှိသာများမှ  အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
15-Feb-2023
2025 Ayeyarwady Division