ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသ​ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြားကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty) စုစုပေါင်းအလျား (၅၃၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
16-Mar-2023
မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအားတွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်း‌ခြေမှ အလျား ၂၀၀ပေ၊အနံ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင်  သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  မြစ်ကမ်းပါးပြိုကျမှုအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာသိပ္ပံကျောင်းတိုက်  ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်မည့်အ‌ခြေအနေများအား လျှောက်ထားတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဒေသခံပြည်သူများအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ကျေးရွာနေပြည်သူများအတွက် ပညာရေး၊ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေများအား ရင်းရင်းနှီးနှီးအားပေး ပြောကြားခဲ့ပြီး ကမ်းပြိုနေရာများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်း ပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ ကမ်းပြို မှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စု တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးရန်ပုံငွေနှင့် ကာဘော်လိပ်ဆပ်ပြာတို့အား ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Read More...
16-Mar-2023
တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကျောင်းသူတစ်ဦးအား‌ သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။ ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် အရိုး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်နှင့် မျက်စိပြင်ပလူနာများအား အထူးကုဆရာဝန်ကြီးများက ကြည့်ရှုစစ်ဆေးကုသပေးလျက်ရှိရာ လာရောက်၍ဆေးကုသမှုခံယူလျက်ရှိကြသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံအထောက်အကူပြုဆေးဆိုင်အားကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများလိုအပ်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းများပြည့်စုံအောင်ထားရှိဆောင်ရွက်ရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရေးအတွက်  အမှိုက်ပုံးများစနစ်တကျထားရှိရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားတစ်ဦးအား တွေ့ဆုံအားပေးခဲ့ပြီးအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေးကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား စာစစ်ဌာန (၂၀၇)ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၁၉၂၀)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၁၈၁၂၈)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။


Read More...
15-Mar-2023
ကွန်ကရစ်လမ်းခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊ အကျယ် (၈)ပေအား ကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊အကျယ်( ၈)ပေ အားကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းနှင့် လက်ယန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျနှင့်အချိန်မီပြီးစီးစေရေးနှင့် ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  အလျား ၁၇၀၀ပေ×အကျယ်၈ပေကွန်ကရစ်လူသွားလမ်းအား ရေရှည်ခိုင်ခံ့စေရေးနှင့် ပန်းအလှပင်များနှင့် မြက်ပင်များစိုက်ပျိုးနေမှုများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျစိုက်ပျိုးထားရှိရေးနှင့် စိမ်းလန်းသာယာမှုရှိစေရေးတို့အား မှာကြားခဲ့သည်။


Read More...
15-Mar-2023
ကျောင်းကုန်းမြို့ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော မြို့၏ကျက်သရေဆောင် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ ဗိမာန်တော်ကြီး ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊တိုင်း‌ဒေသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအား ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့ပြီး ဘုရားကြီးအားလှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကာ ဘုရားကြီးကိန်းဝပ်တော်မူရာ တံကဲတော်ကြီးအား ရှေးလက်ရာမပျက်ရေရှည်တည်တံ့စေရေး၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အဆိုပါ သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးသည် သက္ကရာဇ်၁၂၆၇ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြပြီး တံကဲတော်ကြီးသည် ကျွန်းသားငါးတုံးတွင်ကနုတ်ပန်း ရုပ်လုံးရုပ်ကြွများဖြင့် အမြင့် ၂၅ပေ ၇လက်မ ထုလုပ်ခဲ့ရာ ဗုဒ္ဓဝင်ဇာတ်ဝင်ခန်း(၁၅)ခန်းထွင်းထုထားရှိပြီးမြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင်စတင်ထွင်းထုထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။  ယင်းနောက် စစ်ကိုင်းမြို့၊ မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသအား ဖူးမြော်ကြည်ညိုခဲ့ကာ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အားလှူဒါန်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ‌မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းတွင် ပြုလုပ်သည့် ဓမ္မသဟာယမဉ္ဇရီဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအားကျင်းပရာ “နမောတဿ”မဟာပဏာမ ဘုရားရှိခိုးဖြင့် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းမြို့၊မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက်   ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အလှူရှင်များက ဓမ္မပူဇာအလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက  အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအောင်ပွဲထွဋ်တင် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်သံပြိုင်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး  နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
13-Mar-2023
2025 Ayeyarwady Division