ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေမှုအားတိုင်းဒေသကြီးဝန်ကြီးချုပ်ကြည်ညိုအားပေး
၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန (၆)ဌာနတွင် ကျင်းပဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်(ပုသိမ်စာဖြေဌာန)၌ ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊  ဓမ္မာစရိယ၊ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ (ပထမနေ့)ဖြေဆိုတော်မူနေသည့် သံဃာတော်များအား ကြည်ညိုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားတင်ပြခဲ့ပြီး ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်း၊ကွမ်း ဝေရာဝစ္စကိစ္စရပ်များအတွက် အလှူငွေများလှူဒါန်းခဲ့ကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည်ညိုအားပေးခဲ့သည်။ အဆိုပါစာမေးပွဲအား ယနေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့)ဖြေဆိုတော်မူရန် ပုသိမ်၊ဟင်္သာတ၊မြောင်းမြ၊ဖျာပုံ၊ညောင်တုန်း၊မော်လမြိုင်ကျွန်းစာဖြေဌာနများ၌  ရဟန်း(၄၀၁)ပါးနှင့်သီလရှင်(၃၈) ပါး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။


Read More...
21-Mar-2023
၂၀၂၂-၂၀၂၃ပညာသင်နှစ် ခရိုင်အဆင့်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်မှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ခရိုင်အဆင့်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့်သင်တန်းသားသင်တန်းသူဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများ ၏ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး၊ သင်ကြားရေးအရည်အသွေးမြင့်မားလာစေရေးနှင့် ထိရောက်စွာပြန်လည်သင်ကြားပို့ချနိုင်စေရေးနှင့် အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူဆရာ၊ဆရာမများအနေဖြင့်လည်း ပို့ချဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးပေးကြစေလိုကြောင်းနှင့်  မိမိတို့၏ အရည်အသွေးများပြည့်ဝအောင် အစဉ်ကြိုးစားနေကြရမှာဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့်ပညာသင် နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်တက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းရေးကိုလည်း ဆရာ၊ဆရာမများ၊ မိဘများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ပြောင်းလဲလာသည့်စနစ်သစ်အားအောင်မြင်စွာဖြတ်ကျော်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတော်ကြီးဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဆရာ၊ဆရာမမ်ားအား လမ်းညွှန်အမှာစကားများပြောကြားခဲ့ပြီး ပုသိမ်ခရိုင်ပညာရေးမှူးက ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲအား ခရိုင်ပညာရေးမှူးများဦးဆောင်မှုဖြင့် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာခရိုင်တို့တွင် ယခုလ(၂၁)ရက်မှ(၂၄)ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး အထက်တန်းအဆင့် သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ (၅၁၉၀)ဦး၊ အလယ်တန်းအဆင့် သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ (၁၄၅၅၇)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲ၌ အနောက်တောင်တိုင်းစစ်ဌာနချူပ်မှပြုလုပ်သည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားအား တက်ရောက်၍ တပ်ရင်း၊တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအား ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
21-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်၊စကားမြားကျေးရွာနှင့် ထော်ကလို့ကျေးရွာတို့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် စကားမြားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အလားတူ ‌တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ထော်ကလို့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဆက်လက်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ စကားမြားကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း ၁.၀၄မိုင်သွယ်တန်းပေးပြီး ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံးတည်ဆောက်ပေးခဲ့ကာ စကားမြားကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် မရမ်းပင်ကျေးရွာမှတစ်ဆင့် ရွေးမြစ်ကိုဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အားလိုင်း(၆၀၀) ပေ သွယ်တန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ (၁၀၀) လျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိသည်။ ထို့အတူ ထော်ကလို့ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း ၀.၅၄မိုင်သွယ်တန်းပေးပြီး ၁၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးခဲ့ကာ ကျေးရွာမှကိုယ်ထူကိုယ်ထဖြင့် ရှမ်းစုကျေးရွာမှတစ်ဆင့် ရွေးမြစ်ကိုဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အားလိုင်း (၄၀၀) ပေ သွယ်တန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ (၃၀) လျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုး‌နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး“တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် တစ်ဧက(၁ဝ)တင်း နှုန်းအထွက်တိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်အောင် စီမံဆောင်ရွက်နေမှုအခြေအနေများအားတွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီးချိန်အထိ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊မြေ၊ရေ၊ နည်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြေပြင်ခြင်းနှင့် သွင်းအားစုများစနစ်တကျ အချိန်ကိုက်၊ အချိုးကျထည့်သွင်းဆောင်ရွက်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရိတ်သိမ်း‌‌ခြွေလှေ့သည့် စနစ်မှ စပါးအထွက်နှုန်းလျော့ကျမှုမရှိစေရေးအတွက် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်လိုပါကြောင်း၊လယ်တစ်ဧကအထွက်နှုန်း တိုးတက်စေရေးရန်အတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လည်း ကူညီဆောင်ရွက်ရန်လိုပါကြောင်း၊တစ်ဧက(၁၀)တင်းနှုန်းထက် ပိုမိုထွက်ရှိရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုး‌နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း ” အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ဧကအထွက်နှုန်း (၁၀)တင်း ပိုမိုထွက်ရှိရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုး‌နိုင်ရေးဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တို့မှ မြောင်းမြခရိုင်အတွင်း လာမည့်စိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်း ၁၀ တင်း တိုးထွက်စေရေးနှင့် တစ်သီးစိုက်မှနှစ်သီးစိုက်၊ သုံးသီးစိုက်သို့ တိုးတက်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
20-Mar-2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက် ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်၍  တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ၌ ‌လျှပ်စစ်မီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ၎င်းရွာမှ အိမ်ခြေ (၅၈)လုံးတို့သည် လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းသိရသည်။


Read More...
20-Mar-2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်မြောင်းမြ မြို့နယ် နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက(၁၀၀) စံပြကွက်သို့သွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၂၀ရက်နေ့ နေ့လည်ပိုင်းတွင် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာရှိ နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ဆောင်ရွက်သည့်  (GW-11) မျိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။  ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံတော်မှ သွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီ  အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်  ပိုးမွှားအန္တရာယ်ကျရောက်မရှိစေရေး၊ အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးစေရေး၊ စံပြကွက်များပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။ 


Read More...
20-Mar-2023
2025 Ayeyarwady Division