ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန်ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည့် “ဘုရား ဒါယိကာမ မွန်ဘုရင်မကြီး ရှင်စောပုကျောင်းဆောင်၊ ကျောင်းလွှတ်ပူဇာ” “မှန်လုံအာယုဘောဇန ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY(USA) မှ ဆက်ကပ်လှူဒါန်းသော“HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်
သာသနာတော်နှစ်(၂၅၆၇)ခုနှစ်၊ကောဇာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆)ရက်နေ့၊ ခရစ်နှစ် (၂ဝ၂၄) ခုနှစ်၊ ဘုရား ဒါယိကာမ မွန်ဘုရင်မကြီး ရှင်စောပုကျောင်းဆောင်၊ ကျောင်းလွှတ်ပူဇာ” “မှန်လုံအာယုဘောဇန ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY(USA) မှ ဆက်ကပ်လှူဒါန်းသော“HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့် ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန် ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ များနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး ထူးမခြားနားရောင်ခြည်တော်ဘွဲ့ (၃)ပိုဒ်ဖြင့် သီကျူးပူဇော်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သုံးခွမြို့၊ ရေလယ်ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒာလင်္ကာရ အရှင်သူမြတ်က နတ်စင်တစ်ရာဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားချီးမြှင့်ခဲ့ပြီး နိုင်ငံကျော်ဇာတ်မင်းသား ရွှေမန်းချမ်းသာက မင်္ဂလာရွှေစည်တော်ဖြင့်တွဲဖက်၍ မင်္ဂလာရတုပိုဒ်စုံဖြင့် ချီးကျူးဂုဏ်ပြု ပူဇော်ခဲ့သည်။
ဆက်လက်၍ သန်လျင်မြို့ပင်မနယ်လှည့် သစ္စာအဓိဌာန်၊ စတုဒိသာ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကလည်းကောင်း၊ အမေရိကန်နိုင်ငံ " BODHISASTRA UNIVERSITY (USA) မှ ဆက်ကပ်လှူဒါန်းသော “HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း ထပ်ဆင့် ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ မဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အလှူရှင်များကလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော် ခဲ့ကြသည်။
ဆက်လက်၍ ရှင်စောပု ကျောင်းဆောင်နှင့် အာယုဘောဇန ဆွမ်းစားဆောင်တို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ အလှူရှင်များမှ ပေးအပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကလက်ခံရယူခဲ့ပြီးနောက် သန်လျင်မြို့၊ပင်မနယ်လှည့်သစ္စာအဓိဌာန်၊ စတုဒိသာနတ်စင်တစ်ရာ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူခဲ့ကာ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ကဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသောသံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
Read More...
30-Mar-2024