ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြစက်မှုဇုန်တွင် ဆန်စက်လုပ်ငန်းနှင့် လယ်ယာသုံးစက်မှုလုပ်ငန်းများကြည့်ရှု၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စက်မှုဇုန်ရှိ ပွင့်သစ်ကျော်ဆန်စက်သို့ သွားရောက်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုမေးမြန်းခဲ့ပြီး ဆန်စက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး Gasifier ဖြင့်ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လည်ပတ်မောင်းနှင်ရန် မှာကြားခဲ့သည်။
Read More...
24-Apr-2024