ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုရှိ တောင်သူစိုက်ဧက(၄)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆာဖိုးသာမျိုး ပျိုးထောင်စိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ မျုးစပါး ပန်းတိုင်အထွက်နှုန်း တိုးတက် ရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


Read More...
05-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စုပါင်းရုံး RCCသုံးထပ်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အဆိုပါ စုပေါင်းရုံးအဆောက်အဦရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
05-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၉)သင်တန်းသားအသစ်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၉) သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။


Read More...
04-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းဖွင့်ပွဲအခမ်းတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လွန်ကန်ရပ်တွင် (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းဖွင့်ပွဲအခမ်အနားကို ယနေ့နံနက်ပိုင်းက အဆိုပါအရောင်းပြခန်းရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
04-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


Read More...
03-Jul-2025
2025 Ayeyarwady Division