ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များ ဖူးမြော်ကြည်ညို
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ဘဝနတ်နန်း စံမြန်းတော်မူပြီးသော ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇ ရုပ်ကလာပ်တော်အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် များက ကြွရောက် ဖူးမြော်ကြည်ညိုခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများသည် ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
Read More...
10-Aug-2024