(၇၇) လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇) လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ “ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့သည်။
Read More...
04-Jan-2025